မင်္ဂလာနှစ်ပတ်လည် (၉) လပြည့်သွားခဲ့ပြီဖြစ်တဲ့ အောင်သူနဲ့ သရုပ်ဆောင် ပိုးအိအိခန့်

သရုပ်ဆောင် ပိုးအိအိခန့်နဲ့ အောင်သူတို့ (၂) ယောက်ကိုတော့ ပရိသတ်တွေက ချစ်သူတွေအဖြစ်သိထားခဲ့ကြတာဖြစ်ပါတယ်။ အော်သူရဲ့ အကောင့်အဟက်ခံရပြီးနောက်မှာတော့ သရုပ်ဆောင် ပိုးအိအိခန့်နဲ့ ကြည်နူးစရာဓာတ်ပုံတွေဖြစ်တဲ့ ထိမ်းမြားလက်ထပ်တုန်းက ပုံရိပ်လေးတွေကို ချပြခဲ့တာတွေ့ရပါတယ်။ သို့ပေမယ့်လည်း ကာယကံရှင်တွေဖြစ်တဲ့ ပိုးအိအိခန့်နဲ့ အောင်သူတို့ကတော့ အချိန်အတိုင်းအတာတခုမှာ ပြောပြသွားမှာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

နိုင်ငံ့လက်ရွေးစင်တစ်ဦးဖြစ်သူ အောင်သူနဲ့ သရုပ်ဆောင်ပိုးအိအိခန့်တို့ရဲ့ မင်္ဂလာသက်တမ်းကတော့ (၉) လရှိသွားခဲ့ပြီဖြစ်ကြောင်း ယနေ့လေးမှာ ပိုးအိအိခန့်က အသိပေးချပြသွားတာဖြစ်ပါတယ်။

“ကို ဖောင်းတို့ တစ်ယောက်နဲ့ တစ်ယောက်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာ ဖောင်းတို့ရဲ့ အချစ်တွေ ဘယ်တော့မှလက်တွဲမဖြုတ်တော့ဘူးဆိုတာရယ် တစ်ယောက်နဲ့တစ်ယောက်မခွဲနိုင်တော့ဘူးဆိုတာ သေချာခဲ့လို့လို့ ကိုပြောခဲ့ဖူးတယ်နော် ဘာလိုလိုနဲ့အခုဆို လက်ထပ်ခဲ့တာ ၉လတောင်ကျော်ပြီ…..ဖောင်းတို့ နှစ်ယောက်ရဲ့ အချစ်တွေ ဘယ်လောက်ခိုင်မြဲလည်းဆိုတာ ဖောင်းတို့နှစ်ယောက် ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ လောကဓံကိုကြံ့ကြံ့ခံနိုင်တဲ့အပေါ်မှာကြည့်ပြီးဆုံးဖြတ်လို့ရပါတယ် ဘယ်လိုအခက်အခဲ အတားအဆီးတွေပဲရှိရှိ ဖောင်းဘေးမှာ အမြဲရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကိုရယ် အခုလိုလေးပဲ အမြဲတမ်းတစ်သက်လုံးရှိနေမယ်လို့လည်း ဖောင်းယုံကြည်ပါတယ် ❤️Happy 9th Monthsary Marriage Life ❤️ ပါကို Love u damn much Ko❤️❤️❤️ Aung Thu” လို့ သူမရဲ့အကောင့်လေးကနေ ကြည်နူးဖွယ်ရာရေးသားထားတာဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ ပရိသတ်တွေကလည်း ပျော်ရွှင်ဝမ်းသာနေကြမှာပါနော်။ အောင်သူနဲ့ပိုးအိအိခန့် မင်္ဂလာသက်တမ်း (၉)လကနေပြီး နောက်နှစ်ပေါင်းများစွာတိုင် ခိုင်မြဲစွာနဲ့ တည်ဆောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။We Love Cele

Photos-Poe Ei Ei Khant

Loading...

Facebook Comments