ပခုက္ကူတက္ကသိုလ် သင်္ကြန် ခိုက်ရန်ဖြစ်ပွား၊အရပ်သားတွေပါလာ

ပခုက္ကူ တက္ကသိုလ်တွင် ဘသာရပ်အလိုက် ပြုလုပ်သည့် သင်္ကြန်ပွဲတော်တွင် ခိုက်ရန်ဖြစ်ပွားမှုဖြစ်ခဲ့ပြီး ကျောင်းသား (၃) ဦးဒဏ်ရာရရှိခဲ့ကြောင်း ပခုက္ကူ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ က သိရသည် ။

ပခုက္ကူ တက္ကသိုလ်တွင် အခြားတက္ကသိုလ် ကျောင်းများနှင့်မတူပဲ ဘာသာရပ်အလိုက် သင်္ကြန်ပွဲတော်များကျင်းပခြင်းဖြစ်ပြီး မတ်လ ၅ ရက်နေ့က ရူပဗေဒ ၊ သတ္တဗေဒ ၊ ပထဝီ ၊ အရှေ့တိုင်းပညာ ၊ ဒဿနိက တို့သည့် ဌာန အသီးသီးရှေ့တွင် သင်္ကြန်ပွဲတော်ပြုလုပ်ခဲ့သည် ။

“ရူပဗေဒ သင်္ကြန်မှာ ကျောင်းသားအချင်းချင်း ကရင်းနဲ့ ရန်ဖြစ်တယ် ။ ကျောင်းသားနှစ်ဦး ခေါင်းကွဲသွားတယ် ။ ရန်ဖြစ်တော့ သင်္ကြန်ကို ချက်ချင်းနားလိုက်တယ် ။ နောက်တော့ သတ္တဗေဒမှာ ရန်ဖြစ်တယ် ။ အစက ကျောင်းသားအချင်းချင်းဖြစ်တာပါ ။ နောက်ကျတော့ အပြင်က အရပ်သားတွေပါလာတယ် ။ ဓါးတွေနဲ့ ခုတ်တာထိဖြစ်တယ်။´´ ဟု ပခုက္ကူ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ခိုင်မင်း က ပြောသည် ။

ထိုသို့ ခိုက်ရန်ဖြစ်ပွားခဲ့မှုတွင် ရူပဗေဒ မှ ကျောင်းသား (၂) ဦး ခေါင်းပေါက်ပြဲ ဒဏ်ရာ နှင့် သတ္တဗေဒ မှ ကျောင်းသား (၁) ဦး ဓါးခုတ် ဒဏ်ရာ တို့ရရှိခဲ့ပြီး ဒဏ်ရာ ပြင်းထန်မှုမရှိကြောင်း သိရသည် ။

ရန်ဖြစ်သည့် ဖြစ်စဉ်တွင် ကျောင်းသားအချင်းချင်းဖြစ်သည့် ကိစ္စဖြစ်သော်လည်း အပြင်အရပ်သားများဝင်ရောက်လာသည့်အတွက် ဒုတ် ဓါးများပါလာခြင်းဖြစ်ပြီး ကျောင်းတာဝန်ရှိသူမျအနေဖြင့် လုံခြုံရေးကို စနစ်တကျလုပ်သင့်ကြောင်း ကိုအောင်ခိုင်မင်း က ဆက်လက် ပြောသည် ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ခိုက်ရန်ဖြစ်ပွာမှုတွင် ပါဝင်သော ကျောင်းသားများ နှင့် အပြင်အရပ်သားများအား ဖမ်းဆီးထားပြီးဖြစ်ကြောင်း သိရသည် ။

The Fifth Wave News

Loading...

Facebook Comments