သက်ငယ်မုဒိမ်းမှုကျူးလွန်ကာ လူကိုပါသတ်ပစ်ခဲ့သူကို ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှ နာရီပိုင်းအတွင်း ဖော်ထုတ်နိုင်ခဲ့

၂၀၁၉ ၊ မတ် ၅ ရက်

ဇလွန်မြို့နယ် ၊ ဖက်သောင်ကျေးရွာအုပ်စု ၊ သပြုတပ်ရွာတောင်ဘက် (၂)ဖာလုံခန့်အကွာရှိ ငါးမွေးကန်တစ်ကန်အနီးမှာ ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုနဲ့ လူသတ်မှု ကျူးလွန်ခဲ့သူ တရားခံကို ဟင်္သာတခရိုင်ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သတင်းအရ သေဆုံးသူ မိန်းကလေးငယ်မှာ သပြုတပ်ရွာနေ (၅)တန်းကျောင်းသူ မ———၊ အသက် (၁၃)နှစ်ဖြစ်ပြီး သပြုတပ်ရွာတောင်ဘက် (၂)ဖာလုံခန့်အကွာရှိ ငါးမွေးကန်တစ်ကန်အနီးမှာ အလောင်းကို တွေ့ရှိခဲ့ရတဲ့အတွက် ရဲတပ်ဖွဲ့မှ သေမှုသေခင်းရေးဖွင့်ဆောင်ရွက်စစ်ဆေးပြီး အလောင်းကို ဇလွန်မြို့နယ် ၊ ပြည်သူ့ဆေးရုံကြီးကို ပို့အပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၈ရက်နေ့နေ့လည် ၁နာရီအချိန်မှာ ဆေးရုံရဲ့ ဆေးစာပြန်ကြားချက်အရ
လတ်တလောထိုးသွင်းဒဏ်ရာတွေကို မိန်းမကိုယ်နဲ့ စအို(၂)ခုစလုံးမှာ တွေ့ရှိခဲ့ရတဲ့အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ / ၃၇၆/ ၃၇၇ တို့နဲ့ အမှုဖွင့်လှစ်ကာ ရဲလုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်ခဲ့ပြီး ၊ စုဆောင်းရရှိတဲ့ သတင်းအချက်အလက်တွေအရ ဖက်သောင်ကျေးရွာနေ—————–ကို မသင်္ကာတဲ့အတွက် ချက်ချင်းခေါ်ယူစစ်မေးရာမှ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ခဲ့တာပါ။

ပြစ်မှုကျူးလွန်သူ————က အသက်မပြည့်သေးတဲ့ မ——-ကို မုဒိမ်းပြုကျင့်ခဲ့ပြီးနောက် ငါးကန်အတွင်းခေါ်ဆောင်သွားကာ ရေနှစ်သတ်ဖြတ်ပစ်ခဲ့တယ်လို့ ၀န်ခံထွက်ဆိုခဲ့တဲ့အတွက် တရားရုံးကို တရားစွဲဆိုတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ ဟင်္သာခရိုင်ရဲတပ်ဖွဲ့မှူးရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Loading...

Facebook Comments