စုံတွဲပုံလေးတွေ ကိုယ်စီတင်ပြီး ပရိသတ်တွေကို အံ့အားသင့်သွားစေတဲ့ အုပ်စိုးခန့်နဲ့ ယွန်းယွန်

ကိုရီးယားမင်းသားလေးလို ရုပ်ဖြောင့်ပြီး ချစ်စရာကောင်းတဲ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် အုပ်စိုးခန့်ကတော့ အမိုက်စားသီချင်းတွေကိုလည်း အထာကျကျသီဆိုလေ့ရှိတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့နှလုံးသားကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ အုပ်စိုးခန့်ကတော့ ချစ်စရာကောင်မလေး ယွန်းယွန်းနဲ့ တွဲနေတာလားလို့ မကြာခဏဆိုသလို ပရိသတ်တွေက ထင်ကြေးပေးနေကြပေမယ့် နှစ်ယောက်လုံးက ငြင်းဆန်ထားခဲ့ကြတာပါ။ လတ်တလောမှာတော့ အုပ်စိုးခန့်ရော ယွန်းယွန်းပါ သူတို့ရဲ့ အင်စတာဂရမ်ပေါ်မှာ နှစ်ယောက်တွဲပုံလေးတင်လိုက်တာကြောင့် ပရိသတ်တွေ Surprise ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် ရုတ်တရက် နှစ်ယောက်တွဲပုံတွေတင်ပြီး ပရိသတ်တွေကို အံ့အားသင့်အောင်လုပ်ခဲ့တဲ့ ယွန်းယွန်းနဲ့ အုပ်စိုးခန့်တို့ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပရိသတ်အချစ်တော် ကောင်မလေး ယွန်းယွန်းကတော့ “Something different with 👽sk coming soon 🎥 ” ဆိုပြီး စိတ်ဝင်စားစရာကောင်းအောင် ရေးသားထားတာ တွေ့ရပါတယ်။

အုပ်စိုးခန့်ကတော့ coming soon “🎥❤️…” ဆိုပြီး ယွန်းယွန်းနဲ့ နှစ်ယောက်တွဲပုံလေးကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာပါ။

အုပ်စိုးခန့်နဲ့ ယွန်းယွန်းတို့နှစ်ယောက်ကတော့ ပြီးခဲ့တဲ့ နှစ်တွေက သင်္ကြန်သီချင်းတစ်ပုဒ်မှာ အတူတွဲသရုပ်ဆောင်ရင်း ခင်မင်ရင်းနှီးခဲ့ကြတာပဲ ဖြစ်ပါတယ်။ အုပ်စိုးခန့်ကတော့ အင်စတာဂရမ်ပေါ်မှာ သူ့ရဲ့မိသားစုအပြင် ယွန်းယွန်းတစ်ယောက်တည်းကို သာ follow လုပ်ထားတာမို့ ပရိသတ်တွေကလည်း ပိုပြီးစိတ်ဝင်စားနေကြတာပါ။ ချစ်ပရိသတ်တွေလည်း မကြာခင်မှာ တစ်စုံတစ်ခုကို ပရိသတ်တွေကိုချပြတော့မယ့် အုပ်စိုးခန့်နဲ့ ယွန်းယွန်းတို့နှစ်ဦးရဲ့အကြောင်းကို စိတ်ဝင်စားရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit-Momolay

Loading...

Facebook Comments