နေထက်လင်းပြောပြတဲ့ နုပျိုခြင်းရဲ့လျှို့ဝှက်ချက်

ဝါရင့်အက်ရှင်သရုပ်ဆောင်နေထက်လင်းဟာဆိုရင်လည်း အရင်တချိန်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီပင်ကြီးတစ်ပင် လို့တင်စားလို့ရအောင် နာမည်အကြီးကြီး ကြီးခဲ့သူပါ ။ နောက်ပိုင်းမှာတော့ အနုပညာခြေလှမ်းတွေကျဲလာခဲ့ပြီး အသက်အရွယ် ရလာတဲ့ထိတိုင်အောင် ရုပ်ရည်တစ်ပေါက်မှာ လျှမ်းလျှမ်းတောက်နီးပါထိန်းထားနိုင်တဲ့အထဲက ရှားပါးတစ်ယောက်ပါ။ သူဒီလိုနုပျိုနေရတဲ့အကြောင်းရဲ့လျှို့ဝှက်ချက်တွေကို Myanmar Cele 7 နဲ့အင်တာဗျူးမှာပြောပြသွားပါတယ်။ သူပြောပြသွားတဲ့ နုပျိုခြင်းရဲ့လျှို့ဝှက်ချက်တွေကို ပြောပြချင်တဲ့စိတ်တွေထိန်းမရလို့ ပြောချင်လွန်းလို့ပရိသတ်ကြီး သိအောင်ပြောပြပေးလိုက်ပါတယ်နော်။

ဒါကတော့ အချစ်ကိုကိုယ်းကွယ်တယ်လို့ပြောရမလား ၊ အဲဒီလိုပြောရင်လည်းကိုယ်ရည်သွေးသလိုဖြစ်သွားမှာ ။ဒါကညီလေးမေးလို့ အစ်ကိုကဖြေရတာ နုပျိုအောင်နေတာက နတ်သားတစ်ပါးလို့နေရတာပေါ့နော် နတ်တွေကဒေါသထွက်လို့မရဘူး ဒါကနံပါတ်တစ် ဒေါသထွက်တာနဲ့ချွေးတွေထွက်လာတယ်။ သေသွားတယ်။ ဒါကလူတိုင်းကြားဖူးတဲ့စကား လူတိုင်းကြားဖူတဲ့ စကားနဲ့ပဲ ကျနော်သက်သေပြလို့ရတယ်။အဲ့ဒီအတွက် ကျနော်တို့က ပျားရည်လေးတွေသောက်ရတယ် ။သံပုရာရည်သောက်ရတယ်။ ခန္ဒာကိုယ်မှာရှိတဲ့ အမည်းစက်တွေ ထွက်လာလို့ရှိရင် Delete လုပ်ရတာပေါ့ အဲ့ဒီလို Systemတစ်ခုရှိတယ် ကျနော်တို့မှာ ။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာပေါ့နော် ပဌာန်းရွတ်တာ မေတ္တာဘာဝနာပွားများတာ နတ်တွေလိုမျိုးနေရတာ။

ပြီးရင် ရက်၂၀ မှာ မင်းသမီးတစ်ယောက်လောက်တွဲရတာကိုး ဒါလည်းပါမှာပါ ။ (ရယ်လျက်)ဒါကရယ်စရာပြောတာပါ။ စိတ်မဆိုးပါနဲ့ဒါကတော့သူများနေတွေနဲ့မတူဘဲ ထူးထူးခြားခြားမြင်တာလေးတွေ ရယ်စရာပြောတာပါ စိတ်မဆိုးပါနဲ့ ။နောက်တစ်ခုက စိတ်ကိုကြည်လင်အောင်ထားရတာပေါ့နော် ။ ဘယ်သူ့ကိုမဆိုအယုတ်၊ အလတ်၊ အမြတ်မရွေး ၇ရက်သား သမီး အကုန်လုံးကို ချစ်တယ်။ ကျနော်တို့ကချစ်ရတယ်။ ဒီစိတ်ကလေးတစ်ခုတော့ထားရတယ်။ အနုပညာသမားတိုင်းပေါ့နော်။ အဲ့ဒီလိုစိတ်တွေကြောင့်ဖြစ်ပါလိမ့်မယ် ။လို့ပြောကြားပြီး သူရဲ့သားဖြစ်သူကိုလည်း ကိုနေတိုးလို နာမည်ကျော်မင်းသားတစ်ယောက်ဖြစ်အောင်လုပ်ပေး ပါလို့ ပရိသတ်ကို အပ်နှံပါတယ်ဆိုပြီးပြောပြသွားခဲ့ပါတယ်။ပြောချင်လွန်းလို့ မိတ်ဆွေတို့လည်းပဲ နေထက်လင်းလို စိတ်ပျိုကိုယ်နုဖြစ်နေရအောင် သူပြောထားတဲ့ နည်းတွေအတိုင်းနေကြည့်ဖို့ စိတ်ကူးရမသွားဘူးလားဆိုတာကိုလည်း ပြောပြသွားကြည့်ပါဦးနော် ။

Credit:Nanmalgyi

Loading...

Facebook Comments