မြန်မာဆယ်လီတွေရဲ့ အတိတ်က လူမသိသူမသိ ရည်းစားဟောင်းတွေ

လူဖြစ်လာတယ်ဆိုကတည်းကအချစ်နဲ့တော့မကင်းဘူးပေါ့။အချို့ကတော့ ပထမဆုံးအချစ်ဟာနောက်ဆုံးအချစ်ဖြစ်လာတာတွေလည်းရှိပေမယ့် များသောအားဖြင့်တော့ ရည်းစားဦးဆို မညားတတ်ဘူးပဲမဟုတ်လား။ ချစ်လျက်နဲ့အကြောင်းအမျိုးမျိုးကြောင့်ခွဲခွာရတာတွေလည်းရှိတာပေါ့လေ။

ဆယ်လီတွေဟာလည်းလူတွေပဲဖြစ်တဲ့အလျောက် ပတ်သက်ဖူးခဲ့သူတွေရှိပါတယ်။ ပြောချင်လွန်းလို့ကနေ ဆယ်လီတွေနဲ့ ပတ်သက်ခဲ့ဖူးတဲ့ တစ်ချိန်ကဇာတ်လမ်းလေးတွေကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။

အောင်ရဲလင်းရဲ့ အတိတ်ခြေရာတွေ

အောင်ရဲလင်းရဲ့ အတိတ်က ချစ်သူတွေကတော့ နည်းနည်းတော့များတယ်လို့ဆိုကြပါတယ်။ အောင်ရဲလင်းဟာ နန်းဆုဦးနဲ့လည်းချစ်ခဲ့ဖူးသလိုဖွေးဖွေးနဲ့လည်းချစ်ခဲ့ဖူးတယ်လို့ သတင်းတွေကြားသိရပါတယ်။ တကယ့်ခေါင်ဆိုတဲ့ မင်းသမီးတွေကိုချစ်ခဲ့တဲ့အောင်ရဲလင်းကနောက်ဆုံးမှာတော့

အေးအေးချမ်းချမ်း Beauty Blogger လေး နေခြည်ဦးကိုသွားကြိုက်ရာမှာ တည်မြဲတော့မှာပဲလို့ပရိသတ်တွေကထင်ခဲ့ကြပေမယ့် အကြောင်းကြောင်းကြောင့်အောင်ရဲလင်းနဲ့ နေခြည်ဦးပြတ်သွားပြီးတဲ့နောက်မှာ နေခြည်ဦးကလည်း နာမည်ကြီးမင်းသမီးဖြစ်လာပါတော့တယ်။

ခင်စန်းဝင်းနဲ့ ကောင်းပြည့်

မကြီးစန်းနဲ့ ကောင်းပြည့်ရဲ့ကိစ္စကိုတော့ Facebook သုံးတာကြာပြီဖြစ်တဲ့လူတိုင်းသိကြမှာပါ။ “သားလိမ်မာပါ့မယ် သားကိုတစ်သက်လုံးချစ်ပါနော်” ဆိုတဲ့စကားလေးတောင်ခေတ်စားသွားပါသေးတယ်။ ကောင်းပြည့်အနုပညာလောကထဲဝင်ခါစက မကြီးစန်းကအစစအရာရာဖြည့်ဆည်းပေးပြီး ချစ်ပေးခဲ့တယ်လို့ဆိုပါတယ်။

ကောင်းပြည့်က နောက်ပိုင်းမှာ သန္တာဗိုလ်နဲ့ချစ်သူတွေဖြစ်သွားခဲ့ပြီး အခုထိလည်းမြဲနေဆဲပါပဲ။ လွန်ခဲ့တဲ့သုံးနှစ်လောက်တုန်းက ကောင်းပြည့်အတွက်နဲ့ သန္တာဗိုလ်နဲ့မကြီးစန်းတို့ Facebook ပေါ်မှာ Status တွေနဲ့ အပြန်အလှန်တိုက်စစ်ဆင်ခဲ့ကြပါသေးတယ်။

ပြေတီဦးနဲ့ သက်မွန်မြင့်

အခုအချိန်မှာ သာယာပျော်ရွှင်တဲ့အိမ်ထောင်ကိုယ်စီနဲ့ ဖြစ်နေကြတဲ့ ပြေတီဦးနဲ့ သက်မွန်မြင့်တို့ဟာ တစ်ချိန်က ချစ်သူတွေဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ပြေတီဦးနဲ့ ငယ်ရွယ်တဲ့ သက်မွန်မြင့်တို့ဟာ ရုပ်ရှင်တွေအတူတူရိုက်ရင်း သံယောဇဉ်ဖြစ်သွားကြပုံပါပဲ။ ဒါပေမယ့်အကြောင်းကြောင်းတွေကြောင့် နောက်ဆုံးမှာ လမ်းခွဲလိုက်ကြပြီး

ပြေတီဦးက အိန္ဒြာကျော်ဇင်နဲ့လက်ထပ်လိုက်သလို သက်မွန်မြင့်ကလည်းလက်ရှိအမျိုးသားနဲ့လက်ထပ်လိုက်ပြီးအခုအချိန်မှာတော့ နှစ်ယောက်စလုံး ရင်သွေးလေးတွေနဲ့ ပျော်စရာကောင်းတဲ့အိမ်ထောင်လေးတွေပိုင်ဆိုင်ထားကြပါပြီ။

နေမင်းနဲ့ မယ်လိုဒီ

ပရိသတ်တွေချစ်ကြတဲ့ မင်းသားနေမင်းဟာ တစ်ချိန်တုန်းက မင်းသမီးမယ်လိုဒီနဲ့ ချစ်သူတွေဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ ကောလဟလတွေလည်းထွက်လာခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက်စလုံးကိုလိုက်ဖက်တယ်ဆိုပြီး ပရိသတ်တွေကတော့ သဘောတူခဲ့ကြပါသေးတယ်။ ဒါပေမယ့် ဖူးစာလွဲခဲ့ကြ့ပီးမယ်လိုဒီက အခုဆိုရင် လက်ရှိအမျိုးသားနဲ့ သားလေး သိဒ္ဓိစစ်နဲ့ အတူတူ ပျော်ရွှင်စရာအိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားပါပြီ။

ရာဇာနေဝင်းနဲ့ ပုလဲဝင်း

ဒါကတော့ အရင်ခေတ်က ရုပ်ရှင်ချစ်ပရိသတ်တွေဆိုရင် ဒီကိစ္စကို ကြားလိုက်မယ်ထင်ပါတယ်။ မျက်လုံးလှလှလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ပုလဲဝင်းလေးဟာ အမြဲတမ်းပျော်ရွှင်ပေါ့ပါးနေတတ်တဲ့ ရာဇာနေဝင်းနဲ့ ချစ်သူတွေဖြစ်ခဲ့ဖူးပါတယ်တဲ့။ သူတို့နှစ်ယောက်ကတော့ တွေးကြည့်ရုံနဲ့တင်တော်တော်လိုက်တဲ့ စုံတွဲလေးပါပဲ။ ဒါပေမယ့် သိပ်ချစ်တဲ့စုံတွဲတွေ၊အရမ်းလိုက်ဖက်တဲ့စုံတွဲတွေဆိုရင်လောကကြီးက မနာလိုဖြစ်ပြီး ခွဲတတ်တဲ့အတိုင်းပဲသူတို့နှစ်ယောက်ဟာလည်းဖူးစာမဆုံခဲ့ပါဘူး။

ဖြူဖြူကျော်သိန်းနဲ့ ထက်ဘုန်းနိုင်

အသံပါဝါကောင်းကောင်းနဲ့ အောင်မြင်ကျော်ကြားလာတဲ့ အဆိုတော်လေးဖြူဖြူကျော်သိန်းကတော့ထက်ဘုန်းနိုင်ဆိုတဲ့ မော်ဒယ်မောင်လေးနဲ့ ချစ်ခဲ့ဖူးပါတယ်တဲ့။ ထက်ဘုန်းနိုင်ဆိုတာက အပြုံးချိုချိုနဲ့ သန့်ပြန့်ပြီးအထာကျတဲ့ ပုံစံလေးကြောင့် ကောင်မလေးတော်တော်များများနှစ်သက်မြတ်နိုးတာခံနေရသူပါ။ နောက်ပိုင်းမှာ ဘယ်လိုလမ်းခွဲသွားခဲ့ကြလဲမသိပေမယ့် လက်ရှိမှာတော့ ဖြူဖြူကျော်သိန်းက Single လို့ဆိုပါတယ်။

စိုင်းစိုင်းနဲ့ မို့မို့

အဆိုတော်မို့မို့နဲ့ တက်သစ်စအဆိုတော်လေး စိုင်းစိုင်းနဲ့က ချစ်ခဲ့ဖူးတယ်ဆိုတဲ့သတင်းတွေလည်းကြားရပါတယ်။ ဒါပေမယ့် စိုင်းစိုင်းနဲ့မို့မို့ဟာပြောရရင်အသက်အနည်းငယ်ကွာတာကြောင့် ဒီသတင်းကိုယုံတဲ့လူတွေလည်းရှိသလို မဖြစ်နိုင်ဘူးလို့ငြင်းတဲ့လူတွေလည်းရှိနေတာပါ။ ဒါပေမယ့်အဲဒီခေတ်အခါကတော့ ဒီသတင်းဟာ တော်တော်လေးလူပြောများခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့တယ်ဆိုတာတော့ငြင်းလို့မရပါဘူး။

နန္ဒာလှိုင်နဲ့ ဝေဠုကျော်

ဟုတ်ပါတယ်။ အခုတလောခေတ်စားနေတဲ့ ပရဟိတမင်းသားကြီးဝေဠုကျော်ပါ။ ဝေဠုကျော်အသည်းစွဲချစ်ခဲ့ရတဲ့ ချစ်သူလေးကတော့ မင်းသမီး နန္ဒာလှိုင်ပါတဲ့။ ပရိသတ်တွေကလည်း ဝေဠုကျော်နဲ့နန္ဒာလှိုင်တို့ကိုသိပ်ချစ်ကြတဲ့ စုံတွဲလေးဆိုပြီး အားကျချစ်မြတ်နိုးခဲ့ကြတာပါ။

ဒါပေမယ့် နန္ဒာလှိုင်က နောက်ပိုင်းမှာ ဝေဠုကျော်ကိုပစ်သွားခဲ့တယ်လို့ တစ်စွန်းတစ်စသတင်းတွေထွက်လာခဲ့ပါတယ်။အချို့ပရိသတ်တွေကတော့ ဝေဠုကျော်ကိုပစ်သွားလို့ နန္ဒာလှိုင်ကိုဆက်အားမပေးတော့တဲ့အထိတောင်ဖြစ်ခဲ့ကြပါသတဲ့။

ပိုပိုနဲ့ စိုးကြီး

တစ်ခါကြားမိရုံနဲ့စိတ်ထဲစွဲနေစေမယ့်သီချင်းလေးတွေသီဆိုတတ်တဲ့ ပိုပိုဆိုတဲ့ အဆိုတော်မလေးရဲ့ရည်းစားဟောင်းကတော့ စိုးကြီးပါ။ စိုးကြီးနဲ့ ပိုပိုနဲ့ဟာ လူတကာအားကျရလောက်အောင်ချစ်ခဲ့ကြတဲ့ ချစ်သူတွေဖြစ်ပြီး ပိုပိုက စိုးကြီးကိုတော်တော်လေးချစ်ခဲ့တာ လူတိုင်းသိပါတယ်။ နောက်ပိုင်းမှာ စိုးကြီးက ပိုပိုကိုထားခဲ့တယ်ဆိုတဲ့ ဝေဖန်ချက်တွေနဲ့အတူ သူတို့နှစ်ယောက် လမ်းခွဲသွားကြပါတယ်။

ရွှေမှုံရတီနဲ့ထွန်းထွန်း

ထွန်းထွန်းနဲ့ ရွှေမှုံရတီချစ်သူတွေဖြစ်ခဲ့တဲ့သတင်းဟာ အနုပညာလောကမှာဟိုးလေးတကျော်ဖြစ်ခဲ့ကြတာပါ။ထွန်းထွန်းနဲ့ ရွှေမှုံနဲ့ကအသက်ကွာသလို ရွှေမှုံကအဲဒီအချိန်မှာမင်းသမီးစဖြစ်ကာစ အတော်လေးငယ်သေးတဲ့အချိန်ပါ။ သူတို့နှစ်ယောက်ချစ်ကြည်နူးနေကြတဲ့ဓာတ်ပုံတွေလည်း ပရိသတ်တွေကြားကိုပျံ့နှံ့လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အားလုံးသိကြတဲ့အတိုင်းရွှေမှုံက မောင်ဆိုတဲ့တစ်ယောက်နဲ့ကြိုက်ပြီးနောက်မှာ ရွှေထူးနဲ့လက်ထပ်လိုက်ပြန်ပါပြီ။

ပရိသတ်ကြီးရော ဒီစုံတွဲတွေက ဘယ်အတွဲကိုအကြိုက်ဆုံးလဲ။ ဒီထဲမှာမပါတဲ့ စုံတွဲလေးတွေရှိရင်လည်း Comment ထဲမှာလက်တို့ပြီးတော့ပြောပြခဲ့ကြပါဦး။

Source : Can’t Wait To Say

Loading...

Facebook Comments