ခါးကြားမှာအရက်ပုလင်းထိုးပြီး သုဿာန်ဇရပ်မှာကြိုးဆွဲချသေဆုံးနေသူ

မုံရွာခရိုင် ဘုတလင်မြို့နယ်တွင် အမျိုးသားတစ်ဦး အရက်အမူးလွန်ကာ သုဿာန်ဇရပ်တွင်ကြိုးဆွဲချသေဆုံးသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဘုတလင်မြို့မရဲစခန်းမှ သိရသည်။

ဘုတလင်မြို့နယ် ရွာသာကျေးရွာတွင်နေထိုင်သည့် အသက် ၄၇ နှစ်အရွယ်ရှိ တောင်သူလုပ်ကိုင်သည့် အမျိုးသားမှာ ၄င်းကျေးရွာအနီး သုဿာန်ဇရပ်တွင် မေ ၂ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲခန့်က အမြင့် ၆ ပေခန့်ရှိ ဇရပ်ထုပ်တန်းတွင် အရှည် ၅ ပေခန့်ရှိသည့် နိုင်လွန်ကြိုးအဖြူရောင်အား အသုံးပြုကာ ကြိုးဆွဲချသေဆုံးလျက်တွေ့ရှိခြင်း ဖြစ်ကြောင်း ဘုတလင်မြို့မရဲစခန်းမှ ဒုရဲအုပ် ကိုကိုအောင်က ပြောသည်။

“ အရက်ကတော့ တော်တော်သောက်ထားပုံရတယ်။ သေသူရဲ့ ခါးကြားမှာ ရေသန့်ဗူးနဲ့ ထည့်ထားတဲ့ အရက်ဗူးတောင်ပါသေးတယ်” ဟု ဒုရဲအုပ် ကိုကိုအောင်က ပြောသည်။

အဆိုပါ အမျိုးသား သေဆုံးမှုဖြစ်စဉ်အား ဒုရဲအုပ်ကိုကိုအောင်မှ တရားလိုပြုလုပ်တိုင်တန်း၍ ဘုတလင်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၉ အရ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်အား ဒုရဲမှူး တင်မြင့်လွင်က စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Crd:မောင်လေးငယ်ငယ်

Loading...

Facebook Comments