မသင်္ကာစရာဖြစ်နေတဲ့ ဘ၀ကို အရှုံးပေးသွားတဲ့ ကရင်အမျိုးသမီးငယ်လေး ဖြစ်ရပ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ကရင်အမျိုးသမီးငယ်တဦး ကြိုးဆွဲချသေဆုံးမှုဖြစ် ။မတ်လ၂ ရက်၊ ၂၀၁၉ ။ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ စူကိုဝစ် ထောင့်လေါ် အရပ်၊ တိုက်ခန်းတခုအတွင်း၊ မတ်လ ၂ ရက်နေ့တွင် ကရင်မျိုးသမီးငယ်တဦးကြိုးဆွဲချသေဆုံးမှုဖြစ်ခဲ့ကြောင်း ကြားသိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူ နန်းအဲရှူး ခေါ် ဆာယာ့သည် အလုပ်မသွားသည်မှာ ၂ ရက် ၃ ရက်ခန့် ရှိပြီး သူမစီးနေကျ ဆိုင်ကယ်သည်လည်းသူမ၏အိမ်ရှေ့ တွင် ရပ်ထားတာတွေ့ ရှိရခြင်း ၊ ဖုန်းများဆက်သွယ်မရခြင်းတို့ ကြောင့်မသင်္ကါသဖြင့် နီးစပ်ရာများမှသူမ၏အခန်းထဲကို ၀င်ရောက်ကြည့်ရာမှသူမအား ကြိုးဆွဲချသေဆုံးနေသည့်အနေအထားဖြင့် တွေ့ ရှိရပါသည်။

တချို့ သူများ၏အဆိုအရ နန်းအဲရှူးသည့် ယမန်နေ့ (မတ်လ ၁ ရက်နေ့ )ညနေတွင်ဖလတ်ခနွန်ဈေးထဲတွင် အစားအစာများ သွားရောက်ဝယ်ယူသေးပြီး အခင်းဖြစ်ပွါးသည့် အခန်းထဲတွင် သူမသွားဝယ်ယူသည့်အစားအစာများ မစားရသေးဘဲ ၇ှိနေသေးကြောင်းပြောဆိုကြပါသည်။

နန်းအဲရှူးသည် ရည်မှန်းချက်ကြီးမားသူဖြစ်ပြီးအလုပ်ရှင်ထံတွင် တသက်လုံးအလုပ်လုပ်ရမည်ကိုမနှစ်သက်ဘဲ လုပ်ငန်းခွင်မှ ရရှိလာသည့် တတ်ကျွမ်းသည့် အသက်မွေးဝမ်းကြောင်းပညာ (ဂျပန်စားသောက်ဆိုင်)များဖြင့် ကိုယ်ပိုင်စားသောက်ဆိုင်လုပ်ငန်းများပြန်ထောင်ခြင်းနှင့် တခြားကိုယ်ပိုင်အလုပ်များကို လုပ်ကိုင်ခဲ့ဘူးသူလည်းဖြစ်သည်။

နန်းအဲရှူးသည် ကိုယ့်အမျိုးသားစာပေ၊ ယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးသူဖြစ်ပြီးဘန်ကောက်မြို့ ရှိ စာပေယဉ်ကျေးမှု
ဖေါ်ထုတ်ကျင်းပသည့် သင်တန်းများ၊ပွဲတော်များတွင် သူမအား အမြဲတွေ့ ရတတ်ပါသည်။

သူမ ကြိုးဆွဲချ သေဆုံးမှုနှင့်ပတ်သက်၍သူမလုပ်ကိုင်ခဲ့ဘူးသော လုပ်ငန်းများမအောင်မမြင်ဖြစ်ခဲ့ဘူးခြင်း။သူမ မသေဆုံးခင် ရက်ပိုင်းအလိုတွင်အချစ်ရေးနှင့်ပတ်သက်သောကိစ္စများရေးတင်ခြင်းနှင့် ပတ်သက်ပြီးလူအများ အမျိုးမျိုး ထင်ကြေးပေးနေကြပါသည်။

တဖန် နန်းအဲရှူးသည် ပတ်စပို့ ဝန်ဆောင်မှုလုပ်ကိုင်သူတဦးဖြစ်ပြီးယခင် ဘန်ကောက်မြို့  ဖလတ်ခနွန်ဈေးတွင်နေထိုင်စဉ် တခြား ပတ်စပို့ လုပ်ကိုင်သူတဦးနှင့် အဆင်မပြေမှုဖြစ်ခဲ့ဘူးပြီးငှင်းနေရာမှ ပြောင်းရွှေ့ နေထိုင်ခဲ့ရဘူးပါသည်။

.သေဆုံးသူ နန်းအဲရှူးခါ် ဆာယာ့သည်ကရင်ပြည်နယ် လှိုင်းဘွဲမြို့ နယ်၊ ခိုဝ်အွာ/ဒိုင်းပြကျေးရွာအုပ်စု ကိုယ်ဧည့်သည်ရွာ (ကွယ်လယ်တ်ုဝါန့် )သူတဦးဖြစ်ကြောင်းသိရပါသည်။..သူမသေဆုံးမှုသည်သွေးရိုးသားရိုးလောတဦးတယောက်၏ လုပ်ကြံမှုလောဆိုတာသူမမှ လွှဲ၍ သူမသာ သိပါမည်။

ဖိုးမူလေးရေကောင်းရာသုဂတိလားပါစေ။Kawthoolei Love

Loading...

Facebook Comments