ပါးစပ်ကအမြုပ်တေထွက်ပြီး လဲသွားတယ် ခလေး၂ယောက်က ဖေကြီး ဖေကြီးဆိုပြီး လှုပ်နှိုးပြီးငိုနေ

မိတ္ထီလာမြို့မှ ကျောက်ပန်းတောင်းအထွက်တွင် ဂဏန်းတောင်ကျေးရွာဆိုတာရှိလားဗျ… ကူညီပေးကြပါဦး အမျိုးတို့ခင်ဗျာ …

နေ့လည် ၁၁လောက်က အိမ်နားကကွမ်းယာဆိုင်မှာပုံပါအကိုကြီးက ပါးစပ်ကအမြုပ်တေထွက်ပီးမူးလဲသွားတယ် ခလေးလေး၂ယောက်က ဖေကြီး ဖေကြီးဆိုပီးလှုပ်နှိုးပီးငိုနေကြတာ ကားအမြန်ထုတ်ပီးရပ်ကွက်ထဲကလူတွေနဲ့ ကျောင်းကုန်းဆေးရုံပို့ပေးထားပီး လိုအပ်တာတွေလုပ်ပေးထားပါတယ် ခလေးတွေအတွက်လည်းအအေးနဲ့မုန့်တွေဝယ်ပေးခဲ့ပီး ထမင်းဖိုးလည်းပေးခဲ့တယ်

ဖြစ်စဉ်ကိုခလေးလေး တွေကိုမေးကျိတော့ မိတ္ထီလာကလာတာ ပုသိမ်သွားမလို့ပါတဲ့ သူတို့အမေနဲ့ အဖေ့သူငယ်ချင်းလည်းပါတယ်တဲ့အတူလာကြတာ ကျောင်းကုန်းနားရောက်တော့ ကားနားတုန်းသူတို့အမေနဲ့ ပါလာတဲ့အဖေ့သူငယ်ချင်းက ဖုန်းတွေပိုက်ဆံတွေအကုန်ယူပီးထွက်ပြေးသွားပီတဲ့ ငိုနေလိုက်တာခလေးတွေရင်ထဲတော်တော်စို့သွားတယ်

အခုလောလောဆယ်ဆေးရုံမှာခဏနားရအုံးမယ်တဲ့ ပြန်ဖို့ကိုလူနာကိုမေးလို့မရဘူး ခလေးတွေပြောပြတာကအဖေအမည် ကိုစိုးဦးအမေအမည် မမြတ်နိုးဝေဂဏန်းတောင်ကျေးရွာ မိတ္ထီလာကပါတဲ့ကျောက်ပန်းတောင်းဘက်သွားတဲ့ဘက်မှာလို့ပြောပါတယ် Fri ထဲက မိတ္ထီလာမှာနေတဲ့သူတွေကူညီစုံစမ်းပေးကြပါနော် အပြန်စရိတ်ကိုလည်း ညီမပဲအကုန်ကျခံပါမယ်

လောလောဆယ်တော့ဆေးရုံသွားလိုက် ဆိုင်ပြန်ပြေးလိုက် ခလေးတွေကလည်းကိုယ်အိမ်ခဏပြန်တာအတင်းဆွဲထားတာ ဆေးရုံပြန်လာတော့လည်းကိုယ့်တွေ့တော့ အတင်းပြေးထွက်လာကြတာသြော် ငါလည်း ခလေးတွေနဲ့အကျိုးပေးတယ်ကွယ်😌

ဆက်သွယ်ရန်….. 09681405591 သန်းဝင်းလှိုင် (ထီလာဆား)

Loading...

Facebook Comments