ရန်ကုန်-စစ်တွေကားလမ်းတွင် ရဲကား ၁စီးအပါအ၀င် ကား နှစ်စီး တိုက်ခိုက်ခံရ ၊ ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်- စစ်တွေကားလမ်းပေါ်တွင် ရဲကား ၁ စီး အပါအ၀င် ကား ၂ စီး တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကြောင်း ရခိုင်ပြည်နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

“ရဲကား တစ်စီးရယ်၊ နောက်ကား တစ်စီးရယ် တိုက်ခိုက်ခံရတယ်ပေါ့။ မိုင်းခွဲသလား၊ ဘာလားလဲ သေချာမသိရသေးဘူး။ အဲဒါ ၂ ဦးထိ (သေ) တယ်။ ဖြစ်စဉ်အသေးစိတ်ကတော့ အခုထက်ထိ မသိရသေးဘူး။ ပြောနိုင်တာက ကား ၂ စီး တိုက်ခိုက်ခံရတယ်။ ဖြစ်တဲ့အချိန်က ဘယ်အချိန်က ဖြစ်တာလည်း ကျနော်တို့်လည်း မသိသေးဘူး” ဟု အဆိုပါ အရာရှိက ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ရခိုင်ပြည်နယ် ရဲမှူးကြီးကြည်လင်း နှင့် တပ်မတော်ပြောခွင့် ရ ပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းမကိုင်ကြပေ။

ရဲကား တစ်စီးအပါအ၀င် ကား ၂ စီး တိုက်ခိုက်ခံရသော ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာ များတွင် ပျံ့နှံ့လျက်ရှိသည်။


Credit :ခေတ်သစ်

Loading...

Facebook Comments