နှစ်လဆက်တိုက် ချောင်းဆိုးသွေးပါနေတဲ့ သူတစ်ယောက်ရဲ့လည်ချောင်းထဲမှ မျှော့တစ်ကောင်တွေ့ရှိခဲ့

Mr.Li လို့ အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ လည်ချောင်းတစ်ဝိုက်ယားယံနေပြီး နှစ်လဆက်တိုက်ချောင်းဆိုးသွေးပါနေတာကြောင့် ဆေးခန်းမှာ သွားရောက်စစ်ဆေးခံခဲ့ပါတယ် ။ဒါပေမယ့်လည်းဆေးခန်းကမှားယွင်းပြီး စစ်ဆေးမိနေတဲ့အတွက် သူ့ရဲ့ရောဂါဟာ ပျောက်မသွားခဲ့ပါဘူး ။နောက်ဆုံးတော့ တရုတ်နိုင်ငံ Yibin မြို့ Xingwen တရုတ်ရိုးရာကုထုံးဆေးရုံမှ အထူးကုတွေနဲ့သွားရောက်ကုသခဲ့တဲ့အချိန်မှာတော့ သူခံစားနေရတဲ့ဝေဒနာရဲ့အဓိကအကြောင်းအရင်းကိုဖော်ထုတ်နိုင်ခဲ့ပါတယ် ။

ဒီလူနာ နှစ်လဆက်တိုက်ချောင်းဆိုးသွေးပါနေရတဲ့အကြောင်းအရင်းဟာ တီဘီ ဖြစ်နေတာမဟုတ်ပဲ လည်ချောင်းထဲမှာ ကပ်တွယ်နေတဲ့ မျှော့တစ်ကောင်ကြောင့်ဆိုတာ တွေ့ရှိခဲ့ပါတယ် ။မျှော့ဟာအရွယ်အစား ၁၀ လက်မလောက်ရှိနေပြီဖြစ်ပြီး လူနာရဲ့လည်ချောင်းထဲမှာ ကပ်တွယ်သွေးစုပ်နေတာကြောင့် အခုလိုခံစားရတာပဲဖြစ်ပါတယ် ။

လည်ပင်းထဲက မျှော့ကိုခွဲထုတ်ခဲ့တဲ့အချိန်မှာ မျှော့ဟာအသက်ရှင်နေဆဲ ၊ ဆက်လက်ကြီးထွားနေဆဲဖြစ်တာကိုတွေ့ရှိခဲ့ရပါတယ် ။လူနာရဲ့လေပြွန်မှာ ကပ်တွယ်နေတဲ့ ဒီမျှော့တုတ်တုတ်ကြီးကိုတော့ ဒေါက်တာ Zhang Dadong မှ Endosocpy စစ်ဆေးမှုပြုလုပ်ရင်း တွေ့ရှိခဲ့တာပဲဖြစ်ပါတယ် ။

ဒီမျှော့ကိုဆွဲထုတ်ဖို့ကြိုးစားပေမယ့်လည်း ချော်နေတဲ့အတွက် အလွန်ဖမ်းရခက်တာကြောင့် မျှော့ကိုမေ့ဆေးပေးပြီး ခက်ခက်ခဲခဲဆွဲထုတ်ခဲ့ရတယ်လို့လည်းသိရပါတယ် ။လည်ပင်းထဲကိုမျှော့ဝင်ရောက်ခဲ့ရတဲ့အကြောင်းအရင်းကတော့ Mr.Li ဟာ ကန်ထဲကရေကို မကျိုချက်ပဲ ဒီအတိုင်းသောက်သုံးခဲ့တဲ့အတွက် ရေထဲမှာရှိနေတဲ့ လည်ချောင်းထဲမှာ ကပ်ကျန်ခဲ့တဲ့မျှော့ဥက တစ်ဆင့်အကောင်ပေါက်ရလာတာပဲဖြစ်ပါတယ်။

မျှော့သားလောင်းကောင်ဟာ လည်ချောင်းတစ်ရှူးတွေထဲမှာ နေထိုင်ရင်း နှစ်လဆက်တိုက် သူ့သွေးတွေကို စုပ်ယူရင်းနဲ့ ၁၀ စင်တီမီတာလောက်ကြီးထွားလာခဲ့တာပဲဖြစ်ပါတယ်။ဒီအဖြစ်အပျက်ကြောင့် ကန်ရေတွေကိုသောက်သုံးမယ်ဆိုရင် ကျိုချက်သောက်သုံးဖို့လိုအပ်ကြောင်း ဒေါက်တာ Zhang မှ ဒေသခံအားလုံးကို သတိပေးနှိုးဆော်တိုက်တွန်းခဲ့ပါတယ် ။

ဒီတော့ ရွာဘက်မှာနေကြတဲ့သူတွေလည်း ကန်ရေကိုသောက်သုံးမယ်ဆိုရင် ကျိုချက်ပြီးသောက်သုံးတာအကောင်းဆုံးဖြစ်ပါလိမ့်မယ် ။ ဘာပဲဖြစ်ဖြစ် မဖြစ်ခင်ကြိုတင်သတိထားတာအကောင်းဆုံးပါပဲ ။

Credit: Daily Hot News

Loading...

Facebook Comments