အောင်ပန်းမှာ မိန်းကလေးငယ်တစ်ဦး မိုးကြိုးပစ်ခံရပြီးသေဆုံး

အောင်ပန်း၊ ဖေဖော်ဝါရီ ၂၆

ရှမ်း(တောင်ပိုင်း) အောင်ပန်းမြို့ နောင်ရဲကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာအနားမှာ ဒီကနေ့ ညနေပိုင်းက မိန်းကလေးငယ်တစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မိုးကြိုးပစ်ခံရတဲ့မိန်းကလေးဟာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ထံကနေသိရပါတယ်။

သေဆုံးသူ မိန်းကလေးငယ်ဟာ ငှက်ပျောတောကျေးရွာနေ မိကြူး ဆိုသူဖြစ်ပြီး အဖွားဖြစ်သူ ဒေါ်ပွားစုနှင့်အတူ ငှက်ပျောတောကျေးရွာ အနောက်ဘက် ၄ ဖာလုံလောက်အကွာမှာရှိတဲ့ မုန့်ညှင်းခင်းကနေ နေအိမ်ကို အပြန် မှာ အခုလိုမိုးကြိုးပစ်ခံခဲ့ရတာဖြစ်ကြောင်း ရဲတပ်ဖွဲ့ ကနေသိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးရာမှာ သေဆုံးသူဟာ မျက်နှာမီးလောင် ညိုမဲဒဏ်ရာ၊ အပေါ်နှုတ်ခမ်းဝဲဘက်ကွဲဒဏ်ရာတွေရရှိပြီးသေဆုံးနေတယ်လို့ သိရပါတယ်။

အလောင်းကို အောင်ပန်းတိုက်နယ်ဆေးရုံပို့ဆောင်ထားပြီး သေဆုံးမှုနဲ့ပတ်သက်လို့ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံကနေသိရပါတယ်။

လက်ရှိ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး အောင်ပန်း နယ်မြေရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ်(၃/၂၀၁၉) နဲ့ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

Oo Oo Zaw
ဓာတ်ပုံ – ရဲတပ်ဖွဲ့

Source:Popular News Journal

Loading...

Facebook Comments