တောင်ငူနှစ်လောင်းပြိုင်လူသတ်မှု စီအိုင်ဒီ စစ်ပြီ

တောင်ငူမြို့ လူမြင်ကွင်းမှာဖြစ်ခဲ့တဲ့ နှစ်လောင်းပြိုင် လူသတ်မှုကို ဒေသခံ ရဲတပ်ဖွဲ့နဲ့ ပဲခူးတိုင်း မှုခင်းရဲတပ်ဖွဲ့ (စီအိုင်ဒီ)တို့က စတင် ပူးပေါင်းစစ်ဆေးနေပါတယ်။

ဒီဖြစ်စဉ်မှာ ကိုယ်တိုင်မြင်တွေ့ခဲ့ကြသူတွေကို ဖေဖော်ဝါရီ၂၃ ရက်နေ့က ပဲခူးတိုင်းဒေသကြီး စီအိုင်စီက မြို့သစ်​နယ်​​ မြေရဲစခန်းနဲ့ ပူးပေါင်းပြီး စတင်စစ်ဆေးနေတာပါ။

အမှုကို စီအိုင်ဒီက စစ်ဆေးနေတာနဲ့ ပတ်သက်လို့ ကေတုမတီမြို့သစ်​နယ်​​မြေ ရဲစခန်းကို ဆက်သွယ်ရာမှာတော့ အမှုကို ခိုင်မာကျစ်လစ်အောင် တည်ဆောက်နိုင်ဖို့အတွက်စီအိုင်ဒီကို လွှဲ​ပြောင်း​ပေးလိုက်​ပြီလို့ ရဲစခန်းတာဝန်ရှိသူက ပြောပါတယ်။

ဒီအမှုဟာ တောင်ငူခရိုင် ကေတုမတီမြို့ မင်းကြီးညိုရပ်ကွက်ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးမှာ ၂ဝ၁၂ ခုနှစ်ကတည်းက ဝယ်ယူထားတဲ့ခြံကို ခြံစည်ရိုးကာဖို့နဲ့ ဂရန်သက်တမ်းတိုးဖို့အတွက် မှတ်ပုံတင်မိတ္ထူ လာငှားရာကနေ စတင်ဖြစ်ပွားခဲ့တာပါ။

ဒီဖြစ်စဉ်မှာ အငြိမ်းစားအရာခံဗိုလ် ဦးတိုးကြည်နဲ့ သားဖြစ်သူ ရဲဝင်းတို့က ဓာတ်ကြိုးသွယ်တန်းရာမှာ အသုံးပြုတဲ့ ကြွေသီးဟောင်းနဲ့ ရိုက်နှက်ခဲ့တဲ့အတွက် ရေတပ်ဗိုလ်မှူးဟောင်းဦးစိုးလင်းသန်းနဲ့ ဇနီးဖြစ်သူတို့ သေဆုံးခဲ့ရပြီး သမီးဖြစ်သူက ဦးခေါင်းမှာ ဖူးယောင်ဒဏ်ရာ ရရှိခဲ့တာပါ။

အခုလိုလူသေဆုံးခဲ့တဲ့အထိ ရိုက်​နှက်​ခဲ့တဲ့ ကိုရဲဝင်းနဲ့ဖခင်​ဖြစ်​သူ ဦးတိုးကြည်​တို့ကို မြို့သစ်​နယ်​​မြေရဲစခန်းကရာဇသတ်​ကြီး ပုဒ်​မ-၃ဝ၂/၃၂၅/၁၁၄ တို့နဲ့ အမှုဖွင့် အ​ရေးယူထားပါတယ်

Credit:သားကြီး(​တောင်​ငူ)DVB

Loading...

Facebook Comments