မြင်သူတကာ အကြည့်မလွှဲနိုင်လောက်အောင် လှနေတဲ့ ဝတ်မှုန်ရွှေရည်

ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး လက်ရှိမှာလည်း ရုံတင်နေဆဲ ဇာတ်ကားကြီးတစ်ကားဖြစ်တဲ့ “လိပ်ပြာစံအိမ်”ရုပ်ရှင်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတဲ့ ဝတ်မှုန်ရွှေရည်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

သူမကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ Fortune TV Be Happy Music Festival ပွဲလေးတက်ရောက်အားပေးခဲ့ပါသေးတယ်။ ဝတ်မှုန်ရွှေရည်ကတော့ အပြာရောင်ပွဲတက် ဝတ်စုံလေးကို ဝတ်ထားပြီး ပွဲကိုလာကြတဲ့ သူတွေကြားမှာ တောက်တောက်ပပနဲ့ အရမ်းကို လှနေတာပါ။

မြင်သူတစ်ကာ ငေးလောက်အောင် လှနေတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။

Credit: burmese.asia

Loading...

Facebook Comments