နွားလှည်းသွားငှားသည့်ကိစ္စ အဆင်မပြေဖြစ်ရာမှ ဖခင်အရင်းဖြစ်သူအား သားကဓားမဖြင့် ခုတ်၍ သေဆုံး

ဆီဆိုင်၊ ဖေဖော်ဝါရီ ၂၄

နွားလှည်းသွားငှားရာ အဆင်မပြေဖြစ်ပြီး အိမ်ပြန်လာရာမှ စိတ်တိုပြီး အသက် ၆၀ကျော်အရွယ် ဖခင်ဖြစ်သူအား သားအရင်းက ဓားဖြင့်ခုတ်၍ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။

ယမန်နေ့(ဖေဖော်ဝါရီလ ၂၃ ရက်) နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန်ခန့်က ဆီဆိုင်မြို့နယ်၊ နောင်ခွန်ကျေးရွာနေ မောင်ဇော်(၂၅)နှစ်သည် ထင်းခုတ်ရန် နွားလှည်းသွားငှားသည့်ကိစ္စ အဆင်မပြေ သဖြင့် နေအိမ်သို့ ပြန်လာစဉ် စိတ်တို၍ ဖခင်ဖြစ်သူ ဦးအေး(၆၅)နှစ်အား အရှည် ၁ ပေခွဲခန့်ရှိ ဓားမဖြင့် ခုတ်ခဲ့ရာ ဦးအေးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသောကြောင့် အရေးယူပေးရန်တိုင်တန်းချက်အရ မောင်ဇော် အား ဘန်းယဉ်နယ်မြေရဲစခန်း(ပ)၇/၂၀၁၉၊ ရာဇ သတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

Source – မြန်မာနိုင်ငံရဲတပ်ဖွဲ့

Loading...

Facebook Comments