ပိုလီယိုရောဂါသည် ဆွံ့ အနားမကြားသူ အမျိုးသမီးအား သားမယားပြုကျင့်မှု မန္တလေးမြို့တွင် ဖြစ်ပွား

ပိုလီယီရောဂါသည် ဆွံ့ အ နားမကြား စကားမပြောတတ်သော အမျိုးသမီးတဦးကို သားမယားပြုကျင့်မှု မန္တလေးမြို့တွင် ဖေဖော် ၀ါရီလ ၁၉ ရက်နေ့က ညပိုင်းက ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ ပိုလီယီရောဂါသည် မ— (၂၃ နှစ်)သည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မန္တလေး အောင်မြေသာစံမြို့ နယ် ဒေါ်န ဘွား ရပ်ကွက် ၊ အကွက်(၉)တွင် ပြုလုပ်သော မြို့နယ်လုံးဆိုင်ရာ ဓမ္မာရုံမြတ်စွာဘုရားပွဲတွင် ရပ်ကွက်အလိုက် ဧည့်ခံအဖြစ် ဓမ္မာရုံ ရှေ့ တွင် ဝိုင်းဝန်လုပ်ကိုင်နေခဲ့ရာမှ တစ်ရပ်ကွက်တည်းနေ ရေပိုက်စက်လုပ်ငန်းလုပ်ကိုင်သူ ဆန်းဝင်း (၃၈) နှစ်က ၄င်းအား ၆၃ x ၆၄ လမ်းကြား ၁၆ x၁၇ လမ်းကြား စေတနာလမ်းသွယ် အ ကွက် (၉ ) ဓမ္မာရုံ၏ တောင်ဘက်ကြားတွင် သားမယားပြုကျင့်ခဲ့ ပြုကျင့်ခြင်းကို ခံခဲ့ရပြီး ထိုသို့ သားမယားပြု ကျင့်ရာတွင် တစ်ရပ်ကွက်တည်း ဖိုးဇော် မှလည်း အားပေးကူညီခဲ့ကြောင်း သိရ သည်။

အဒေါ်ဖြစ်သူအနေဖြင့် ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းတွင် ပိုလီယီရောဂါသည် မ ———– (၂၃ နှစ်)အား ဓမ္မာရုံ ရှေ့ ၌ တွေ့ ရသဖြင့် ၄င်း၏နေအိမ်သို့ ခေါ်ဆောင်လာရာ မ——–တွင် ဝတ်စဉ်ထားသည့် အဝတ်အစားများ နှင့် ဆံပင်တို့မှာ ဖယိုဖရဲ ဖြစ်နေပြီး ထုံးများပေကျံ နေသည့် အတွက် မင်္သာကာ၍ “ မိခင်ဖြစ်သူက ဘာဖြစ်လာတာလဲ” ဟု နုတ်အမူအရာဖြင့်မေးမြန်းခဲ့ရာ မ——-က ၎င်းအား ဓမ္မရုံကြားတွင် ခေါ်ဆောင်သွားကာ တစ်ရပ်ကွက်တည်းနေ ဆန်းဝင်းက သားမယားပြုကျင့်ကာ ဖိုးဇော်မှ ပါးအားနမ်းခြင်း ရင်သားကိုင်ခြင်း တင်ပါးအား ပွတ်သက်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြောပြခဲ့သဖြင့် မ—— ပိုလီယီုရောဂါ သည် ဆွံ့ အနားမကြား စကားမပြောတက်သူ အား သားမယာပြုကျင့်ခဲ့သော ဆန်းဝင်း ၃၈ နှစ်နှင့် ဖိုးဇော် ၃၃ နှစ်အား မ၏ မိခင်ဖြစ်သူ မှ အမှတ်(၁) နယ်မြေ ရဲစခန်းတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တရားလိုပြုလုပ်ကာ တိုင်းကြားခဲ့ သဖြင့် (ပ)၇၉/၂၀၁၉ ရာဇာသတ်ကြီးဥပဒေပုဒ်မ -၃၇၆/၁၁၄ တိုင်ကြားထားကြောင်းသိရသည်။

စိုင်းထူးခန့် 

Credit : News Watch

Loading...

Facebook Comments