လူသတ်ကောင်တွေကို အမှုန့်ကြိတ်ပစ်ချင်ခဲ့မိပေမယ့်

21.2.2019 ရက်နေ့က ကျနော့်အတွက် Big Day ပါပဲ။ အခုထိအမှန်တရားကို လက်မခံနိုင်သေးပေမဲ့ ပကတိအရှိတရားကတော့ ကျနော့်အကိုလတ်ဖြစ်တဲ့ စိုးလင်းသန်း နဲ့ အမ ချောစုစုလင်းတို့ကတော့ ကျနော်တို့ မိသားစုအဝန်းအဝိုင်းထဲက အပြီးအပိုင်နုတ်ဆက်ထွက်ခွာ သွားခဲ့ကြပါပြီ….။

ကျနော်လည်း ယောကျ်ျားတစ်ယောက်ရဲ့ မာန်အရ ဒေါသထွက်ခဲ့ရပြီး လူသတ်ကောင်တွေကို အမှုန့်ကြိတ်ပြစ်ချင်ခဲ့မိတယ်…..။

ဒါပေမဲ့ အသိတရားနဲ့သတိကထိမ်းချုပ်ထားပြီး ဆရာတော်ဦးဗုဓ်ရဲ့ ” သူ့ဝဋ်ရှိက ကျေအောင်ဆပ်ရတယ် ” ဆိုတဲ့ စကားလေးကိုကြားယောင်မိရင်း စိတ်ကို တည်ငြိမ်နိုင်စေခဲ့ပါတယ်….ပြုသူအသစ် ဖြစ်သူအဟောင်းပါပဲ……

23.2.2019 မနက် 10 နာရီမှာရေဝေးသုသာန်မှာ ကျန်ရစ်ခဲ့တဲ့ ဥတုဇရုပ်ကလပ်ကို အပြီးသတ် သဂြိင်္ုလ်ရင်း ဒီဘဝ ဒီခန္ဓာအသက်ရှင် နေတယ်ဆိုတာ မျက်စိတစ်မှိတ် လျပ်တပျက်အတွင်းတစ်မိနစ် တစ်စက္ကန့်အတွင်းအသက်ဇီဝိန်ချုပ်ငြိမ်းသွားနိုင်ပါလားလို့ သံဝေဂ ရနေမိပါတယ်…

အားလုံးပဲ ဒီအဖြစ်အပျက်ကို သတိရပြီး အသက်ရှင်သန်နေချိန်တခဏလေးမှာ ဒေါသ မာန်မာန အတ္တတွေ ခဝါချလို့ ငြိမ်းချမ်းသာယာ အေးချမ်းတဲ့ ဘဝတွေကို ချစ်ချင်ခင်ခင်နဲ့ ညီညွှတ်စွာ ဖြတ်သန်းနိုင်ကြပါစေ……..

သဗ္ဗေ င်္သခါရ အနိစ္စ……( အလုံးစုံသော သင်္ခါရတရားတို့သည် မမြဲခြင်းသဘောရှိကြကုန်၏)သဗ္ဗေ သင်္ခါရ ဒုက္ခ……

( အလုံးစုံသော သင်္ခါရ တရားတို့သည် ဒုက္ခ ဆင်းရဲရခြင်းသဘော ရှိကုန်၏)သဗ္ဗေ ဓမ္မာ အနတ္တ……

(အလုံးစုံသော ဓမ္မတို့သည် ကိုယ့်အလိုကျမလိုက်ပဲ ဓမ္မသဘောအတိုင်းသာ ဖြစ်ပေါ်နေကြတဲ့ အနတ္တ အစိုးမရ) ………Soe Myint Than

Loading...

Facebook Comments