ခရီးသည်အား ဆိုင်ကယ်ဖြင့်ခေါ်ဆောင်ကာ လုယက်သူနှစ်ဦးကို ဖမ်းမိ

မန္တလေးမြို့ တွင် ကျွဲဆည်ကန်ကားဝင်းသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ ခရီးသည်ထံမှ လုယက်သူနှစ်ဦးကို သက်ဆိုင်ရာက ဖေဖော်ဝါရီ ၂၃ ရက်၌ ဖမ်းဆီးခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ၂ နာရီခွဲတွင် ချမ်းအေးသာစံမြို့နယ်ဘူတာကြီးအနီး၌ ခရီးသည်ကို လုယက်မှုကျူး လွန်ထားကြောင်း သတင်းအရ သက်ဆိုင်ရာက ချမ်းမြသာစည်မြို့နယ်နေ မြင့်ကိုကို(ခ)ရွှေပေါ ၁၉ နှစ်နှင့် ညီညီဇော် ၃၂ နှစ်တို့ နှစ်ဦးကို ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့နှစ်ဦးကို စစ်ဆေးချက်အရ ဖေဖော်ဝါရီ ၂၂ ရက် ည ၁၁ နာရီတွင် မန္တလေး ဘူတာကြီး မှထွက်လာသည့် အမည်မသိခရီးသည်တစ်ဦးကို ကျွဲဆည်ကန်ကားဝင်းရှိ မိတ္ထီလာကားဂိတ်သို့ ပို့ဆောင်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း၊ထိုသို့ ပို့ဆောင်စဉ် ညီညီဇော်က မောင်းနှင်ပြီး ခရီးသည်ကို အလယ်မှထား၍ မြင့်ကိုကိုက နောက်မှလိုက်ပါလာခဲ့ကြောင်း၊ ၇၈ လမ်း နှင့်ဦးပွားခုံးကျော်ခုံးအဆင်းအနီးရှိ စက်ခေါင်းရုံအနီး လူပြတ်သည့် နေရာ၌ မြင့်ကိုကိုမှအသင့်ပါလာသော သံတုတ်နှင့်ထောက်ကာ ခရီးသည်ထံမှငွေ ၁၅၀ဝ၀ ကျပ်နှင့် Red Mi-6 ရွှေရောင်လက် ကိုင်ဖုန်းတစ်လုံးတို့ကို လုယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

သက်ဆိုင်ရာက ၄င်းတို့လုယူခဲ့သည့် လက်ကိုင်ဖုန်းကို သိမ်းဆည်းကာ သက်သေခံဖုန်းအား အမှတ်(၁၁)နယ်မြေရဲစခန်းက (ပ)၁၀၇/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၅၄ အရ အမှုဖွင့်အရေးယူထားသည်။

Credit: MyanmarTime

Loading...

Facebook Comments