MRTV-4 အမှု ပျောက်ဆုံးနေသောကွင်းဆက်”

MRTV 4 ဆရာတော် တစ်ဖြစ်လဲ လူသိများသည့် ဦးရွှေဝါထွန်း၏ သာသနာတော်ညှိုးနွမ်းအောင် သင်္ကန်းဝတ်ဖြင့် မဂျူးမြတ်ချယ်ဆိုသော အမျိုးသမီးနှင့် ဖောက်ပြန်နေခြင်းကို Social Media ပေါ်တွင် ၎င်းတို့နှစ်ဦး၏ ဓာတ်ပုံများ ပျံ့နှံ့လာသောအခါ ကျန်းမာရေးမကောင်းသောကြောင့် လူဝတ်လဲသွားသည်ဟု ၎င်း၏တပည့်ဆိုသူအကောင့်မှ ပို့စ်တင်၍ အသိပေးခဲ့ပါသည်…။

များမကြာမီ ၎င်းMRTV-4 ဆရာတော်၏မိန်းမဖြစ်သူမှ သူ၏အမျိုးသားပျောက်ဆုံးသွားကြောင်းနှင့် ၎င်းတို့နှစ်ဦး၏ ဖြစ်စဉ်အား ဆရာတော်တပါးအား လျှောက်ထားချက်အရ သိရှိရသည်မှာ….

၎င်းတို့နှစ်ဦးတွေ့ဆုံရန် MRTV-4 ဆရာတော်ဆိုသူ၏ တပည့်ရင်း Taxi Driver မှ ဝဋ်ကြွေးတော်ပြေကျောင်းသို့ အသွားအပြန် အပို့အကြိုပြုလုပ်ပေးပြီး Taxi ကားပေါ်မှာပင် သင်္ကန်းအား အရပ်ဝတ်နှင့်လဲခြင်း၊ အရပ်ဝတ်မှ သင်္ကန်းသို့ ပြန်လှယ်လဲလှယ်ဝတ်ဆင်ခဲ့ကြောင်း ပြောဆိုလျှောက်ထားသွားသည်ကို တွေ့ရှိရပါသည်…။

၎င်း Taxi Driver မှာ မည်သူဖြစ်သည်ကိုတော့ ပြောကြားသွားခဲ့ခြင်းမရှိပါ။

MRTV-4 ဆရာတော်ဆိုသူက သာသနာတော်ညှိုးနွမ်းအောင် မာတုကာမနဲ့ ဖောက်ပြန်နေသည်ကို အားပေးအားမြှောက်ပြုလုပ်ခဲ့သော ၎င်း Taxi Driver မည်သူဖြစ်သည်ကို စုံစမ်းရန် မေ့လျော့နေခဲ့ကြဟန်တူပါသည်…။

မြောက်ဥက္ကလာပတရားရုံးတွင် သာသနာတော်ညှိုးနွမ်းအောင်ပြုမှုဖြင့် ဦးသက်မျိုးဦးဆိုသူက MRTV-4နှင့် ၎င်း၏ဇနီးတို့အား တရားစွဲဆိုထားပြီး အခကြေးငွေယူ၍ အားပေးအားမြှောက်ပြုလုပ်ခဲ့သော Taxi Driver ကိုတော့ တရားစွဲဆိုထားခြင်း မရှိကြောင်းလဲ တွေ့ရှိရပါသည်…။

MRTV-4 ဆရာတော်လူထွက်မှာ တိမ်းရှောင်ထွက်ပြေးနေကြောင်းသိရှိရပြီး အမှုကွင်းဆက်ဖြစ်သော Taxi Driver မည်သူမည်ဝါဆိုတာ သိရှိခဲ့လျှင် တိမ်းရှောင်နေသော ဆရာတော်လူထွက် ဦးရွှေဝါထွန်း မည်သည့်နေရာတွင် ပုန်းအောင်းနေသည်ကိုပါ သိရှိနိုင်မည်ဖြစ်သည်…။

ထီလာသွေး

Photo credit ခေတ်သစ်မီဒီယာ

Loading...

Facebook Comments