ဖခင်ဖြစ်သူက လေးနှစ်အရွယ်အမွှာသားနှစ်ယောက်ကို လည်ပင်းညှစ်သတ်

မန္တလေးမြို့ အမရပူရမြို့နယ်​ ​တောင်​သမာန်​​ကျေးရွာအုပ်စု ထန်း​တောရွာ ရတနာပုံတက္ကသိုလ်ကျောင်း တောင်ဘက်လမ်း မြေကွက်လပ်တွင် ဖခင်ဖြစ်သူက လေးနှစ်အရွယ်အမွှာသားနှစ်ယောက်ကို လည်ပင်းညှစ်သတ်မှု ဖေဖော်ဝါရီ (၂၂) ရက်နေ့ နံနက်(၁)နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သည် ။

ဖြစ်စဉ်မှာ ထန်းတောရွာနေ သိန်းဦး(ခ)သိန်းဝင်း အသက် (၃၆) နှစ်သည် မိသားစုနှင့်အတူနေအိမ်၌ရှိနေစဉ် အရက်ကြောင်ကြောင်၍ အော်ဟစ်နေသဖြင့် ဇနီးဖြစ်သူ မခိုင်လဲ့ဖြိုး (ခ) မဖြိုးဝေ အသက်(၂၉)နှစ် က အော်ဟစ်ခြင်းမပြုရန်ပြောဆို စကားများခဲ့သည် ။

ထို့နောက်၎င်းအားခင်ပွန်းဖြစ်သူက ရန်ပြုမည်စိုးသဖြင့် သမီးဖြစ်သူ မနှင်းလွင်လွင်ဖြိုး အသက်(၆)နှစ်အားခေါ်၍ နေအိမ်အပြင်သို့ထွက်ခွာခဲ့ရာ နေအိမ်တွင် ၄င်း၏သား အမွှာညီအစ်ကိုဖြစ်သည့် မောင်ဇာနည်ထွန်းနှင့် မောင်ဇေယျာထွန်း အသက်(၄)နှစ်တို့မှာဖခင်နှင့်အတူကျန်ရစ်ခဲ့သည်။

သိန်းဦး(ခ)သိန်းဝင်းသည် အမွှာညီအစ်ကိုသား(၂)ယောက်အား ပွှေ့ချီ ကြောပိုး၍ ရတနာပုံတက္ကသိုလ် တောင်ဘက်လမ်း မြေကွက်လပ်သို့ခေါ်ဆောင်သွားပြီး သားများအား ပါးစပ်ပိတ်ကာ လည်ပင်းညစ်သတ်ခဲ့ကြောင်း မှုခင်းမှတ်တမ်း အရသိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သိန်းဦး(ခ)သိန်းဝင်းအား အမရပူရမြို့မရဲစခန်းတွင် (ပ)၈၉/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။

Credit :နိုင်လင်းဦး The Fifth Wave News

Loading...

Facebook Comments