မင်္ဂလာပွဲမှာ သူထူးစံရဲ့ သတိုးသမီးချောလေးကိုင်တဲ့ ရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ သိန်း (၂၅၀) တန် မင်္ဂလာလက်ကိုင်ပန်း

ပရိသတ်ကြီးရေ သရုပ်ဆောင် သူထူးစံ နဲ့ ထိုက်ဆုဝင်တို့ မင်္ဂလာကတော့ ဒီကနေ့ နိုဗိုတယ် ဟိုတယ်မှာ နေ့လည် တစ်နာရီကနေ သုံးနာရီအထိ ကျင်းပပြုလုပ်နေတာပဲဖြစ်ပါတယ်။

မင်္ဂလာပွဲမှာတော့ ရတနာခေတ်ကပုံစံလေးတွေနဲ့ သတိုးသားနဲ့ သတိုးသမီးလေးတို့ဟာ လိုက်ဖက်ပြီး ကျက်သရေရှိလှပါတယ်။

မင်္ဂလာပွဲမှာ သတိုးသမီးရဲ့လက်ကိုင်ပန်းလေးကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကိုလဲခံနေရတာပဲဖြစ်ပါတယ်။

လက်ကိုင်ပန်းလေးကတော့ ရွှေသားစစ်စစ် ရွှေချိန် ၂၅ ကျပ်သားနဲ့ လုပ်ထားတဲ့ သိန်း ၂၅၀ ဝန်းကျင်တန် လက်ကိုင်ပန်းလေးပဲဖြစ်ပါတယ်။

ရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ မင်္ဂလာလက်ကိုင်ပန်းလေးဟာလဲ အရမ်းကိုလှပနေပါတယ်။

ပရိသတ်ကြီးအတွက် သူထူးစံရဲ့ မင်္ဂလာပွဲပုံရိပ်တွေနဲ့ လက်ကိုင်ပန်းလေးကိုဖော်ပြပေးပါတယ်နော်။

ပရိသတ်ကြီးကလဲ သူထူးစံတို့ ဇနီးမောင်နှံကိုချစ်ရင် Share ပေးသွားကြပါဦးနော်။
ဖိုးသူတော်(www.phothutaw.com)
Credit:Thutasone

Loading...

Facebook Comments