တရုတ်နိုင်ငံသို့ ၀င်ခါနီး ကုန်တင်ကားပေါ်၌ ငါးတန်ကျော်ရှိသော ကျောက်စိမ်းအရိုင်းတုံးကြီး ဖမ်းမိ

မူဆယ်နယ်စပ်တွင် တရုတ်နိုင်ငံဘက်သို့ ၀င်ခါနီး ကုန်တင်ယာဉ်တစ်စီးပေါ်မှ အ လေးချိန် ငါးတန်ကျော်သည့် ကျောက်စိမ်းအရိုင်းတုံး တစ်တုံးကို ဖေဖော်ဝါရီ ၁၅ ရက်က ဖမ်းမိကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
ကုန်တင်ယာဉ်ပေါ် တင်လာ သော ကျောက်စိမ်းတုံးကို မူဆယ်-တရုတ်နယ်စပ် မန်ဝိန်းဂိတ်တွင် ဖမ်းမိခဲ့ကြောင်း ၎င်းက ပြော သည်။

‘‘တရားခံတစ်ယောက်တည်း ကို မိထားတယ်။ အလေးချိန်က ကီလိုငါးထောင်ခန့် ရှိတယ်’’ဟု မူဆယ်မြို့နယ်မှ ရဲအရာရှိတစ်ဦး က ပြောသည်။

ဖမ်းမိထားသည့် အမျိုးသား ကို ၂၀၁၉ မြန်မာ့ကျောက်မျက် ရတနာဥပဒေပုဒ်မ ၅၁(က)ဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေ သည်။

ကျောက်စိမ်းတုံးသည် အလျား ၁၀ ပေခန့်၊ အမြင့် သုံးပေမှလေးပေခန့်ရှိပြီး ကုန်တင်ယာဉ်၏ ဘော်ဒီတစ်ခြမ်းပြည့်လုနီး မြင်တွေ့ရသည်။

မန်ဝိန်းဂိတ်ကို ဖြတ်ခါနီး တွင် ဖမ်းမိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသော်လည်း ယင်းဖြစ်စဉ်ကို သိထားသည့် ဒေသခံအချို့ကမူ ကားသည်တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ထဲ ရောက်ရှိပြီးခါမှ တရုတ်ရဲတပ်ဖွဲ့အား ချိတ်ဆက်ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

‘‘ကျွန်တော်တို့ သိတာတော့ အဲဒီကားက ကျယ်ဂေါင်ထဲကို ၀င် သွားပြီးပြီ။ အကောက်ခွန်ကနေ တရုတ်ရဲကိုလှမ်းပြီး အဲဒီကားကို ဒီဘက်ကို ပြန်လာခိုင်းလိုက်တာ လို့ ပြောတယ်။ ကျောက်ကတစ် တုံးတည်းကို ငါးတန်ကျော်တယ်။ သိန်းထောင်ပိုင်းတော့ တန်မှာ ပေါ့’’ဟု မူဆယ်မြို့ခံတစ်ဦးက ပြောသည်။

အိမ်စီးကားတစ်စီးခန့် ပမာ ဏရှိသော ကျောက်စိမ်းတုံးကို မည်ကဲ့သို့ သယ်လာသည်ကို ဒေသခံများက စိတ်ဝင်စားနေပြီး စစ်ဆေးရေးအဖွဲ့များ၏ ပေါ့လျော့မှုအပေါ် ဝေဖန်နေသည်။

‘‘ရှေ့တည့်တည့်ကနေ ၀င် ရတာ။ ၀ုန်းဆိုဝင်လို့ မရဘူး။ အ နည်းဆုံး နာရီဝက်လောက် တန်း စီရတာ။ အပေါ်ကလည်း ပစ္စည်း တွေ၊ ဘာတွေဖုံးမထားဘူးဆို တော့ ဘယ်နှခေါက်များ လွတ်နေ ပြီလဲ’’ဟု မူဆယ်မြို့ခံတစ်ဦးက မေးခွန်းထုတ်သည်။

ရဲတပ်ဖွဲ့ကမူ ၎င်းတို့သည် လုံခြုံရေးကိုသာ အဓိကထားစစ် ဆေးခြင်းဖြစ်၍ နယ်စပ်ဂိတ်မှ ဖြတ်၍ ကျောက်စိမ်းတုံးကို တရားမ၀င်ခိုးထုတ်ရန် ကြိုးပမ်းမှုသည် ၎င်းတို့၏ အားနည်းချက်ဟု ဒေသ ခံများ၏ သုံးသပ်ချက်အပေါ် ငြင်းဆန်သည်။

‘‘ရဲကတော့ လုံခြုံရေးပဲ ယူ ရတာလေ။ အဓိကစစ်ဆေးတာ တော့ အကောက်ခွန်နဲ့ တခြားအ ဖွဲ့တွေ။ မိတာကလည်း ၁၂ ဘီး ကားလေ’’ဟု နယ်စပ်ဂိတ်တာဝန် ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။ မူဆယ်ခရိုင် အကောက်ခွန် ဦးစီးဌာန တာဝန်ရှိသူတစ်ဦးအား ယင်းကျောက်စိမ်းတုံးအကြောင်း မေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ်သော်လည်း မရပေ။

Credit :www.7daydaily.com

Loading...

Facebook Comments