သီတဂူဆရာတော်မှပါမောက္ခချုပ်ဆရာတော်အား ကျန်းမာရေးအတွက်ဆုတောင်းသြဝါဒ ချီးမြှင့်တော်မူ

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၂၂-၂-၂၀၁၉ ရက်နေ့၊ နံနက် ၇:၄၅ နာရီအချိန်တွင် ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေကို ကြွရောက်ကြည့်ရှုမေးမြန်းတော်မူခဲ့ပါသည်။

ဆုတောင်း 🙏🙏🙏ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးသည် ပိုမိုကျန်းမာ၍ သက်တော်ရာကျော် ရှည်ပါစေကြောင်း သီတဂူသာသနာပြုအဖွဲ့က ဆုမွန်ကောင်း တောင်းကာ မေတ္တာပို့သအပ်ပါသည် ဆရာတော်အရှင်သူမြတ်ကြီးဘုရား … 🙏🙏🙏သီတဂူစတား

အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်၊မဟာသုဗောဓာရုံကျောင်းတိုက်ကြီးများ၏နာယက ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင် နန္ဒမာလာဘိဝံသအရှင်သူမြတ်သည် ကျန်းမာရေးအခြေအနေကြောင့် တရားဟောခြင်း သုံးလရပ်ဆိုင်းမည်ဖြစ်ကြောင်း တပည့်ဒါယကာ ဦးကျော်ငြိမ်းထံမှ သိရသည်။

ပါမောက္ခချုပ် ဆရာတော်သည်စင်ကာပူနိုင်ငံတွင် ဆေးစစ်မှုပြုလုပ်ခဲ့ရာ သုံးလတာကာလအတွင်း အသည်းထဲရှိ အကျိတ်မှာ၁ဒသမ၄၃စင်တီမီတာမှ ၂ဒသမ၂၁စင်တီမီတာခန့်ထိ အရွယ်အစားကြီးလာပြီး ゞင်းအကျိတ်ကျွိုေိငင်္သမနဆကနညခပ ဗဘူအေငသည (ျွင်္ဗ)နည်းစနစ်ဖြင့် ကုသမှုခံယူထားကြောင်း ဆရာတော်ကြီး၏တပည့်ဒါယကာများထံမှ သိရသည်။

ဆရာတော်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် တရားပွဲတွေခေတ္တရပ်နားထားတာပါ။ ဘယ်တော့လောက် ပြန်ဟောဖြစ်မယ်ဆိုတာလဲ ပြောမရသေးပါဘူးဟုပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏တပည့် ဒါယကာ
ဦးကျော်ငြိမ်းက ပြောပြသည်။

ကုသမှုခံယူထားသည်ကို ငြသဈပ အဖြေရယူစစ်ဆေးရာတွင်ကင်ဆာဆဲလ် (လုံးဝ) မတွေ့ရှိရကြောင်း၊ ပုံမှန်စစ်ဆေးမှုအဖြစ်သီတင်းပတ်ခြောက်ပတ်ပြည့်လျှင်စင်ကာပူနိုင်ငံတွင် ဆေးစစ်ဆေးမှုများ ထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ဆရာတော်အနေဖြင့်ပညာဘူမိတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်၍ ပညာရေးကိစ္စများဆောင်ရွက်ရန်နှင့် အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယား ပြည်နယ်ဘတ်သလေဟမ်မြို့ရှိ သစ္စာနန္ဒဓမ္မစင်တာကျောင်းတိုက် တည်ထောင်ရန် ခရီးစဉ်များလည်းရှိကြောင်းသိရသည်။

ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသအားရွှေကျင်နိကာယဥပဥက္ကဋ္ဌ တွဲဖက်ရွှေကျင်သာသနာပိုင်အဖြစ် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ ဆေကိန္ဒရာမကျောင်းတိုက်၌ ၁၃၇၉ခုနှစ်တပို့တွဲလဆန်း ၁၂ ရက်မှ ၁၄ရက်ထိအကြိမ်(၂၀)မြောက်အဖြစ် ကျင်းပသော ရွှေကျင်ဂိုဏ်းအစည်းအဝေးကြီးတွင် ခန့်အပ်ခဲ့ကြောင်း သိရသည်။

Credit: bamakhit

Loading...

Facebook Comments