နမ္မတူ​ချောင်းတွင် ​အရှိန်​လွန်​ကာနစ်​မြုပ်​ခဲ့တဲ့ မော်တော်ယာဉ်မှ ပျောက်ဆုံးနေသော ယာဉ်မောင်းအား ဆယ်ယူပေးခဲ့ ဝေဠုကျော်အဖွဲ့သားများ

ပရိသတ်တွေကြားထဲမှာ ပရဟိတ မင်းသားကြီး ဆိုပြီး နာမည်ကြီးနေတဲ့ သရုပ်ဆောင် ဝေဠုကျော် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦး ပါ။ သူသရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားပေါင်း များစွာ ရှိတာကြောင့်လည်း သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာ ရရှိထားသူပါ။ ဝေဠုကျော် သူ့ရဲ့ ဖောင်ဒေးရှင်း အဖွဲ့သားများနဲ့ ပရဟိတများလုပ်ရင်း အများအကျိုးပြု နေတဲ့ သူပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဝေဠုကျော် ဖောင်ဒေးရှင်း အဖွဲ့သားများက နမ္မတူ​မြို့ ၊ နမ္မတူ​ချောင်း မှာအရှိန်​လွန်​ကာနစ်​မြုပ်​ခဲ့တဲ့ မော်တော်ယာဉ်မှ ပျောက်ဆုံးနေသော ယာဉ်မောင်းအား ဆယ်ယူပေးခဲ့ တဲ့အကြောင်းကိုချစ်ပရိသတ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နမ္မတူ​မြို့ ၊ နမ္မတူ​ချောင်း မှာ 16-2-2019 ရက်​​နေ့ ည​နေ 4.30 နာရီ လောက်က 12ဘီးအမျိုးအစား ​ကျောက်​မီး​သွေးတင်​ ​မော်​​တော်​ယာဉ်​ အရှိန်​လွန်​ကာ နစ်​မြုပ်​သွားပြီးမော်​​တော်​ယာဉ်​ နှင့်​အတူ ​မော်​​တော်​ယာဉ်​​မောင်းကိုသူရစိုး လည်း ​ပျောက်​ဆုံးခဲ့တယ်လို့ သိရပါတယ်။ပျောက်ဆုံးနေတဲ့ ယာဉ်မောင်း အား ရှာဖွေရန် ဝေဠုကျော် ဖောင်ဒေးရှင်း အဖွဲ့ကို အကူအညီတောင်းခဲ့တာကြောင့် သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။

ဝေဠုကျော် ဖောင်ဒေးရှင်း ဖေ့စ်ဘွတ်မှာ “16-2-2019 ရက်​​နေ့ ည​နေ 4.30 နာရီ တွင်​ နမ္မတူ​မြို့ ၊ နမ္မတူ​ချောင်း အတွင်း သို့ 12ဘီးအမျိုးအစား ​ကျောက်​မီး​သွေးတင်​ ​မော်​​တော်​ယာဉ်​ အရှိန်​လွန်​ကာ နစ်​မြုပ်​သွားပြီးမော်​​တော်​ယာဉ်​ နှင့်​အတူ ​မော်​​တော်​ယာဉ်​​မောင်းကိုသူရစိုး လည်း ​ပျောက်​ဆုံးခဲ့ရပါသည်​။

အဆိုပါဖြစ်​စဉ်​ တွင်​ ​ပျောက်​ဆုံး​နေ​​​​သော ​မော်​​တော်​ယာဉ်​​မောင်း နှင့်​ ​မော်​​တော်​ယာဉ်​ အား ဆယ်​တင်​ရာတွင်​ အကူအညီ​ပေးပါရန်​ အကူအညီ​တောင်းခံချက်​ အရ ဝေဠု​ကျော်​ ​ဖောင်​​ဒေးရှင်း နှင့်​မြန်​မာနိုင်​ငံလူမှုကယ်​ဆယ်​​ရေးအဖွဲ့ (မန္တ​လေး) တို့ ပူး​ပေါင်းထားသည့်​ Mandalay Rescue Diver Team မှရေငုပ်​အဖွဲ့ သည်​19-2-2019ရက်​​နေ့ နံနက်​ 9:30နာရီ တွင်​ ​နမ္မတူ​ချောင်း အတွင်း ​ရေ​အောက်​အနက်​ ​ပေ(70)​ကျော်​ သို့ ဆင်းကာ စတင်​ရှာ​ဖွေခဲ့ပြီး ​မော်​​တော်​ကား (ပက်​လက်​လန်​လျှက်​) ၏​ရှေ့​ခေါင်းခန်းအတွင်း ညပ်​​နေသည့်​ ယာဉ်​​မောင်း သူရစိုး ၏ ရုပ်​အ​လောင်းအား Boot Cutter ၏ အကူအညီဖြင့်​ သံဇကာများ ကို ​ရေ​အောက်​တွင်​ ဖြတ်​​တောက်​ကာ ​နေ့လည်​ 11:00နာရီ တွင်​ ကုန်း​ပေါ်သို့ ဆယ်​တင်​​ပေးခဲ့ပါသည်​။

ကျန်​ရှိ​နေသည့်​ 12ဘီး ​မော်​​တော်​ယာဉ်​ အားမနက်​ဖြန်​ တွင်​ ကရိန်းဖြင့်​ စတင်​ ဆယ်​ယူသွားမည်​ဖြစ်​ပါသည်​။” ဆိုပြီးဖော်ပြထားပါတယ်။သရုပ်ဆောင် ဝေဠုကျော် နဲ့အဖွဲ့ ရဲ့ ကယ်ဆယ်ရေး လုပ်ခဲ့တဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ တွေ့မြင်ရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit: Burmese.asia

Loading...

Facebook Comments