တစ်ချိန်က ပတ်သတ်ဖူးခဲ့တဲ့သူကို တိုက်ခိုက်နေရလောက်အောင် မအားဘူးဆိုတဲ့ နန္ဒာလှိုင်

ဟိုးလွန်ခဲ့တဲ့ နှစ်တွေကတည်းက ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိခဲ့တဲ့ မင်းသမီးချောလေး နန္ဒာလှိုင်ကတော့ လက်ရှိမှာ သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းရယ် သမီးလေးတွေရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နန္ဒာလှိုင်က တစ်ချိန်က ပတ်သတ်ဖူးခဲ့သူနဲ့ပတ်သတ်ပြီး ဝေဖန်မှုတစ်ချို့ရှိနေတာကြောင့် လူမှုကွန်ယက်ပေါ်မှာ ပြန်လည်ဖြေရှင်းထားတာ တွေ့ရပါတယ်။ ရှင်းရှင်းလင်းလင်းနဲ့ ထိထိမိမိ ဖြေရှင်းလိုက်တဲ့ နန္ဒာလှိုင်ရဲ့စကားတစ်ခွန်းကိုတော့ ပရိသတ်တွေအားလုံးကလည်း သဘောကျနေကြတာပါ။

နန္ဒာလှိုင်ကတော့ “တချိန်ကပတ်သက်ခဲ့ဖူးတဲ့သူဆိုတာရန်သူမဟုတ်သလိုချစ်သူလဲမဟုတ်တော့ပါဘူး သူငယ်ချင်းလဲမဖြစ်နိုင်တော့သလိုတိုက်ခိုက်နေစရာလဲမလိုပါဘူး ပြီးတော့ကိုယ်အဲလောက်မအားပါဘူးကွယ်” ဆိုပြီး တစ်ချိန်ကပတ်သတ်ဖူးသူကို တိုက်ခိုက်နေစရာမလိုတဲ့အကြောင်းနဲ့ အဲ့ဒီလောက်လဲ မအားဘူးဆိုပြီး ရေးသားထားတာပါ။

ဒီနေ့အထိတိုင် ကျက်သရေရှိတဲ့ အလှတွေကို ပိုင်ဆိုင်ထားဆဲဖြစ်တဲ့ နန္ဒာလှိုင်

ပရိသတ်တွေအရမ်းချစ်ကြတဲ့ သရုပ်ဆောင် နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေမလုပ်တော့တာ နှစ်ပေါင်းကြာနေပြီဆိုပေမယ့်လည်း သူမရဲ့အကြောင်းကို ပရိသတ်တွေက စိတ်ဝင်တစားနဲ့ ရှိနေကြဆဲပဲ ဖြစ်ပါတယ်။ မကြာခဏဆိုသလို သမီးလေးတွေရဲ့လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေအတွက် ဝေမျှပေးလေ့ရှိတဲ့ မေမေနန္ဒာလှိုင်ကတော့ သမီးလေးတွေကိုလည်း အရမ်းချစ်တာ တွေ့ရပါတယ်။

Myint Myat
Source;Nandar Hlaing’s Facebook

Credit : momolay

Loading...

Facebook Comments