တောင်ငူမြို့နယ်မှာ မြေဂရမ်ကိစ္စနဲ့ပတ်သက်ပြီး စကားများရန်ဖြစ်ရာမှ နှစ်လောင်းပြိုင်လူသတ်မှုဖြစ်

တောင်ငူမြို့နယ်၊ မြို့သစ်မြို့၊ မင်းကြီးဆွေရပ်ကွက်မှာ ဖေဖော်ဝါရီ ၂၁ရက်နေ့ နံနက်ပိုင်းက နှစ်လောင်းပြိုင်လူသတ်မူဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ တောင်ငူမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက“ ပြစ်မှုကျူးလွန်သူတွေကတော့ ဖမ်းဆီးထားပြီး ရမန်ယူထားပြီးပါပြီ။ မြေဂရမ်ကိစ္စနဲ့ပတ်သက်ပြီး မှတ်ပုံတင်မိတ္တူတောင်းတယ်။တောင်းတဲ့အခါမှာ စကားပြောတာက မချေမငံအပေါ်စီးက ဆက်ဆံတဲ့အပေါ် တစ်ဖက်သူက ဒေါသဖြစ်ပြီး အခုလိုဖြစ်သွားတာပေါ့”လို့ပြောပါတယ်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မြို့သစ်မြို့၊ မင်းကြီးဆွေရပ်ကွက်ရှိ ဦးရဲဝင်း အသက် (၅၁)နှစ် နေအိမ်ရှေ့မှာ ဖေဖေါ်ဝါရီ ၂၁ရက်၊ နံနက် ၈ နာရီခွဲအချိန်ခန့်က ခိုက်ရန်ဖြစ်ပွားနေကြောင်းသတင်းရရှိတဲ့အတွက် တာဝန်ရှိရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးတဲ့အခါ အဆိုပါနေအိမ်ရှေ့ မျက်စောင်းထိုး လမ်းဘေးမှာ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နေ ဦးစိုးလင်းသန်း အသက် (၄၉)နှစ်(ဗိုလ်မှူး ငြိမ်း)အင်္ဂလိပ်အခြေစိုက်သင်္ဘောကပ္ပတိန် နဲ့ ဇနီး ဒေါ်ချောစုစုလင်း အသက် (၄၅)နှစ်တို့ဟာ ဦးခေါင်းကွဲကြေဒဏ်ရာများနဲ့ လဲကျနေတာကိုတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။

ဦးစိုးလင်းသန်း ဇနီး ဒေါ်ချောစုစုလင်းနဲ့ သမီး မ–အသက် (၁၅)နှစ်တို့ဟာ ကိုယ်ပိုင်ယာဉ်နဲ့ ရနာရီခွဲအချိန်ခန့် ဦးရဲဝင်းနေအိမ်ကိုရောက်ရှိလာပြီး ဦးရဲဝင်းထံက ဝယ်ယူထားတဲ့ ခြံ၊ မြေဂရမ်သက်တမ်းတိုးရန် ဦရဲဝင်းရဲ့ မှတ်ပုံတင်နဲ့သန်ခေါင်စာရင်း မိတ္တူတောင်းရာ အခြေအတင်စကားများခဲ့တယ်လို့လည်းသိရပါတယ်။ ဦးစိုးလင်းသန်းနဲ့ ဒေါ်ချောစုစုလင်းတို့ နေအိမ်ခြံဝင်းအထွက် ဦးရဲဝင်းနိုင်နဲ့ ဖခင် ဦး စိုးကြည် (ခ) တိုးကြည် အသက် (၇၆)နှစ် တို့မှ လမ်းဘေးအသင့်တွေ့ရှိတဲ့ လျှပ်စစ်ဓတ်တိုင်များအသုံးပြုတဲ့ အမြင့် ၆လက်မ ၊အချင်း ၅လက်မခန့်ရှိ ကြွေသီးလုံးနဲ့ ဦးခေါင်းအားထုခဲ့ကြောင်းသိရပါတယ်။

ဦးစိုးလင်းသန်းနဲ့ ဇနီး ဒေါ်ချောစုစုလင်းတို့မှ ၉နာရီ ၁၅အချိန်ခန့်မှာ သေဆုံးသွားပြီး သမီးဖြစ်သူမှ အပြင်းအထန်ဒဏ်ရာရရှိကြောင်းသိရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ဦးရဲဝင်းနဲ့ ဦးတိုးကြည်တို့ သားအဖ ၂ဦးအား တောင်ငူမြို့နယ်၊ မြို့သစ်မြို့ နယ်မြေရဲစခန်းမှာ (ပ) ၂၉/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၅/ ၁၁၄နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားပါတယ်။

Credit : www.kumudranews.com

Loading...

Facebook Comments