သုံးဘီးဆိုင်ကယ် မောင်းနှင်သူတစ်ဦး ဆိုင်ကယ်ဝန်ရိုးတန်းအား ခြုံစောင်ရစ်ပတ်၍ သေဆုံ

သတင်း+ ဓာတ်ပုံ = ကိုတိုးကြီး (မုံရွာ)
မုံရွာ၊ ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဘုန်းစိုးရပ်ကွက် စကားဝါလမ်း သာစည်ဈေးအနီးတွင် ယခုလ ၂၀ ရက် မနက် ၆ နာရီအချိန်ခန့်က စောင်ခြုံပြီး သုံးဘီးဆိုင်ကယ် မောင်းနှင်လာသူ လူတစ်ဦးမှာ လည်းကောင်း ခြုံလာသည့် စောင်သည် ဆိုင်ကယ် ၀န်ရိုးတန်းဖြင့် ရစ်ပတ်ပြီးနောက် ဆိုင်ကယ်ပေါ်မှ ဦးခေါင်းဇောက်ထိုးပြုတ်ကျကာ ဆိုင်ကယ်အင်ဂျင်ဖြင့် ဦးခေါင်းထိခိုက်၍ အသက်သေဆုံးသွားခဲ့ကြောင်း မုံရွာနယ်မြေ ရဲစခန်းမှူး ရဲအုပ် ဆန်းလင်းထံမှ သိရသည်။

မုံရွာမြို့ ပြည်တော်သာရပ်ကွက်နေ အသက် (၆၅) နှစ်အရွယ် ဦးဖဲညွှန့်ဆိုသူသည် ယနေ့မနက် ၆ နာရီ အချိန်ခန့်က စကားဝါလမ်းအတိုင်း တောင်မှ မြောက်သို့ သုံးဘီးဆိုင်ကယ်အား မောင်းနှင်လာစဉ် ရာသီဥတု အေးသဖြင့် ခြုံစောင်တစ်ထည်ကို ကိုယ်ခန္ဓာပေါ်တွင် ခြုံလွှမ်းခဲ့သည်။ ထို့နောက် လည်းကောင်းစောင်၏ အနားစမှာ အင်ဂျင်ဝန်ရိုးတန်းနှင့် ရစ်ပတ်လုံးထွေးခဲ့ပြီး ဆိုင်ကယ်ပေါ်မှ လူအားအောက်သို့ ဆွဲချစဉ် ဦးခေါင်း ဖြင့် ဆိုင်ကယ်အင်ဂျင်အား ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သုံးသပ်ထားသည်။

ထို့ကြောင့် ဒဏ်ရာရရှိသူအား မုံရွာပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်စဉ် လမ်းတွင် အသက်သေဆုံးသွားခဲ့သည်။ အဆိုပါ လူသေဆုံးမှုနှင့် ပတ်သက်၍ မှုခင်းဆေးပညာအရ စစ်ဆေးဆောင်ရွက်နိုင်ရန် မုံရွာနယ်မြေရဲစခန်း ယာဉ်(ပ) ၁၄/ ၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄ – က အရ ယာဉ်အမှုစစ် ဒုရဲအုပ် မိုးဇော်ဦးမှ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွှန့်မှ အလားတူ ဖြစ်စဉ်များ ထပ်မံပေါ်ပေါက်ခြင်းမရှိစေရန် ဆိုင်ကယ်စီးနင်းအသုံးပြု့စဉ် ထီးဖွင့်စောင်းခြင်း၊ စောင်ခြုံခြင်း၊ ဆံပင်ဖားလျားချခြင်း၊ ရှည်လျားသော အ၀တ်အထည်များ ၀တ်ဆင်စီးနင်းခြင်းမပြု့ကြရန် ယာဉ်အသုံးပြု့များထံ အသိပညာပေးပြောကြားခဲ့သည်။

Credit :ကိုတိုးကြီး (မုံရွာ)

Loading...

Facebook Comments