ရုပ်ရှင်ရိုက်ကွင်းအတွက် အားလုံးပြင်ဆင်ပြီးမှ လှည့်ပြန်ခဲ့ရတဲ့ အလှမယ် သင်းသင်း

သရုပ်ဆောင်ဝေဠုကျော်နဲ့ အလှမယ် သင်းသင်းတို့ရဲ့ ရုံးချိန်းကိုတော့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ စတင်စစ်ဆေးနိုင်ပြီဖြစ်တဲ့ ဒီအမှုမှာတော့ ကျေနပ်အားရမှုရှိကြောင်း အလှမယ် သင်းသင်းရဲ့ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။ အလှမယ် သင်းသင်းကတော့ ယခု တလော မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးနေတဲ့ Line Walker 2 မှာ  ဖြတ်လျှောက်အတွက် ရွေးချယ်ခံခဲ့ရပြီး ရိုက်ကွင်းရောက်တဲ့အချိန်ကျမှ ပြန်လွှတ်ခံလိုက်ရလို့ စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“အခုက ရိုက်တော့မယ် ရယ်ဒီပေါ့နော် စတော့မယ်ဆိုမှ အဲလိုဖျက်ချခံလိုက်ရတယ် စဉ်းစားကြည့် ရင်ထဲမှာ တော်တော်မကောင်းခဲ့ပါဘူး။ မနေ့က နေ့တစ်နေ့ကိုတော့ ရင်ထဲမှာ မေ့မှာလည်းမဟုတ်ဘူး။ အမှန်က Line Walker ဆိုတာလည်း မသိပါဘူး အပြင်မထွက်တာလည်း အတော်ကြာနေပြီ။ အမရဲ့ဆရာက ခေါ်နေကျအတိုင်းပဲခေါ်ပေးတယ်။ မနက်ဖြန် ရွှေတိဂုံဘုရားမှာ သမီးရှိတယ်ဆိုတော့ လိုက်မလားပေါ့နော်။ ကိုယ်သွားမယ်ပေါ့ သူတို့အဝတ်အစားဘယ်လိုဝတ်ရမလဲဆို ကိုယ်ဝတ်ပေးတယ် သူတို့ ဟိုရောက်တော့လည်း သူ့နေရာနဲ့သူကိုယ့်ကိုနေရာတွေ ချထားပြီးပီပေါ့။ ပြီးလည်းပြီးရော ကိုယ့်ကိုဘာလုပ်လိုက်လဲဆိုတော့ ဒီကိစ္စကြောင့်ပေါ့နော်။ အမှုကိစ္စကြောင့်ပေါ့နော် သူနဲ့ဖြစ်ထားတဲ့သူမို့လို့ သူ့ကိုပြန်လွှတ်ပေးပါဆိုတဲ့အချိန်မှာလေ စဉ်းစားကြည့်ပေါ့နော်။ ဒါဆိုင်လားပေါ့ ရုပ်ရှင်လောကနဲ့ မဆိုင်ဘူးလို့တော့ ကိုယ်ထင်ထားတာပေါ့နော်။ အဲလိုဖြစ်တော့ လူလည်ခေါင်မှာ မျက်ရည်မကျရုံတမယ်ပဲသိလား အော် ဒါနဲ့ဆိုင်လားပေါ့ အရမ်းတော့ခံစားလိုက်ရတယ်။”

ယခုလို ပြန်လွှတ်တဲ့အခါမှာလည်း ရုပ်ရှင်အစည်းအရုံးက ပိတ်ထားလို့ ဆိုတဲ့ အကြောင်းပြချက်မျိုးရှိလာကြောင်း အလှမယ် သင်းသင်းက ဆိုပါတယ်။

“ပြီးတော့ ဘာထည့်လာလဲဆိုတော့ ရုပ်ရှင်အစည်းအရုံးဆိုတဲ့ဟာကြီးကိုလည်း ထည့်ထားပါတယ်။ အစည်းအရုံးက ပိတ်ထားလို့ပေါ့နော်။ အဲဒါဆိုင်လား ကိုယ်လည်းမသိဘူး ဒါမေးကြည့်တာပါ။ ကိုယ်က အနုပညာသမားတစ်ယောက်အနေနဲ့ ဘယ်လိုနေရာပဲ ရိုက်ရရိုက်ရပေါ့နော်။ မနေ့ကလိုမျိုး Line Walker မျိုးကျတော့ ကိုယ့်မြန်မာနိုင်ငံကိုဖော်ပြပြီးရိုက်ထားတာဆိုတော့ ကိုယ်အရမ်းပီတိဖြစ်ချင်တာ ပါချင်တာပေါ့နော် ဒါပေမယ့် အဲဒီကိစ္စကြောင့် ပြန်သွားပေးပါဆိုတော့လေ အစီအစဉ်တွေဆွဲပြီးမှ ကိုယ်ပြန်သွားခဲ့ရတယ်ဆိုတော့ မနေ့က စိတ်လည်းမကောင်းဘူး။” လို့ MC အင်တာဗျူးမှာဖြေဆိုသွားခဲ့တာပါ။

အလှမယ် သင်းသင်းကတော့ ယခုကိစ္စနဲ့ပတ်သက်ပြီး သူမရဲ့အနုပညာဟာ သူမရဲ့အမှုကိစ္စနဲ့ ဆိုင်လားဆိုတဲ့ မေးခွန်းမျိုးကို မေးမြန်းလိုက်တာဖြစ်ပါတယ်။ ပရိသတ်ကြီးကရော ဒီအဖြစ်ပေါ်မှာ ဘယ်လိုမြင်လဲဆိုတာ ပြောပြခဲ့ပါဦးနော်။

Credit :We Love Cele

 

Loading...

Facebook Comments