ကလေးငယ်များ ဖန်​သားပြင်တွေကို အမြဲကြည့်​ရင်​ ဦးနှောက်ကို ထိခိုက်စေနိုင်

က​လေး​တွေဟာ ဖုန်းနဲ့ ကွန်​ပျူတာ​တွေကို ​ရေရှည်​သုံးစွဲလာတဲ့အခါ Screen Dependency Disorder (SDD) လို့ ​ခေါ်တဲ့ ဖန်​သားပြင်​ကိုစွဲလမ်းမှုစိတ်​​ရောဂါ ဖြစ်​လာ​စေပြီး အိပ်​မ​ပျော်​တာ၊ ခါးနာတာ၊ ကိုယ်​အ​လေးချိန်​တက်​လာတာ၊ ပိန်​ကျသွားတာ၊ ​ခေါင်းကိုက်​ခဲတာ၊ အမြင်​အာရုံ ပြသနာ​တွေနဲ့ အာဟာရချို့တဲ့မှု​တွေအထိ ရုပ်​ပိုင်းဆိုင်​ရာ ဆိုးရွားလက္ခဏာ​တွေ ဖြစ်​လာ​စေနို​င်​တယ်​လို့ ​လေ့လာမှု​တွေအရ သိရပါတယ်​။

စိတ်​ပိုင်းဆိုင်​ရာအရ စိုးရိမ်​စိတ်​များတာ၊ သီးခြား အထီးကျန်​ဆန်​စိတ်​ဖြစ်​လာတာ၊ မရိုး​ဖြောင့်​စိတ်​​တွေနဲ့ ကိုယ့်​ကိုယ်​ကိုယ်​ တစ်​ကိုယ်​တည်း အပြစ်​ဖြစ်​စိတ်​​တွေ ပိုများလာတတ်​တာမို့ သတိထားစရာ ပြသနာတစ်​ခုဖြစ်​လာပါတယ်​။ဒီသု​တေသနကို ​လေ့လာပြုစုခဲ့တဲ့ ​ဒေါက်​တာ Aric Sigman က​တော့ ဒီပြသနာဟာ အင်​တာနက်​အ​ပေါ် အလွန်​အကျွံ စွဲလမ်းတာနဲ့ ထပ်​တူနီးပါးဖြစ်​တယ်​၊ လို့ ဆိုပါတယ်​။

တစ်​ကိုယ်​တည်း ထီးတည်း​နေလိုစိတ်​ပိုများလာတယ်​၊ ပြင်​ပပတ်​ဝန်းကျင်​အ​ပေါ် စိတ်​မဝင်​စား​တော့သလို ခန္ဓာကိုယ်​မှာ ဆိုးရွားတဲ့သက်​​ရောက်​မှု​တွေရှိလာတာ​တောင်​ မျက်​ကွယ်​ပြု ပြီး ဆက်​လက်​သုံးစွဲ​နေတဲ့ အ​လေ့အကျင့်​​တွေပါ စွဲကပ်​လာတတ်​ပါတယ်​ လို့ သူက ဆိုပါတယ်​။

ဦး​နှောက်​ရဲ့ အသိဥာဏ်​ပို​င်းဆိုင်​ရာ လုပ်​​ဆောင်​မှုအစိတ်​အပို​င်း​တွေဖြစ်​တဲ့ Grey Matter နဲ့ White Matter ​တွေမှာပါ မူမမှန်​ဖြစ်​လာပြီး ဦး​နှောက်​ကို ကြီးကြီးမားမားထိခိုက်​​စေနိုင်​တယ်​လို့ ​ဒေါက်​တာ Aric Sigman က သု​တေသန ရလာဒ်​အရ အတည်​ပြုသွားခဲ့ပါတယ်​။က​လေးမိဘ​တွေအ​နေနဲ့ အ​ရေးတကြီး သတိထားစရာတစ်​ရပ်​ဖြစ်​လာပြီး က​လေးအငိုတိတ်​ရင်​ပြီး​ရော၊ က​လေးငြိမ်​​နေရင်​ပြီး​ရော ဆိုပြီး ဖုန်းနဲ့ ကွန်​ပျူတာ​တွေကို အလွယ်​တကူ အချိန်​အကန့်​အသတ်​မရှိ စည်းမဲ့ကမ်းမဲ့ ​ပေးမသုံးလိုက်​ဖို့ လိုက်​နာ​ပေးရမှာပါ။ က​လေးငယ်​​တွေမှာ နုနယ်​လှတာ​ကြောင့်​ SSD ​ရောဂါစွဲကပ်​လွယ်​ပါတယ်​။ မိမိက​လေးရဲ့ အပြုအမူပိုင်းဆိုင်​ရာကို အမြဲသတိကပ်​​စောင့်​ကြည့်​​ပေးပါ။

၂၁ ရာစုက က​လေး​တွေအတွက်​ ဒီဂျစ်​တယ်​အသိုက်​အဝန်းထဲက ဖယ်​ထွက်​​နေဖို့ဆိုတာ မဖြစ်​နိုင်​ပါဘူး။ ​ကျောင်းပညာ​ရေး၊ သင်​ယူ​လေ့လာမှု၊ သု​တေသန နဲ့ လူမှုဆက်​ဆံ​ရေး ​တွေအတွက်​ ဒီဂျစ်​တယ်​ပစ္စည်း​တွေက မရှိမဖြစ်​အ​ရေးပါလာပါတယ်​။ ဒါနဲ့အမျှ ထိန်းချုပ်​ကိုင်​တွယ်​တတ်​ဖို့လဲ ပိုပြီးအ​ရေးပါလာပါတယ်​။

၂ နှစ်​ အရွယ်​က​နေ ၅ နှစ်​ အရွယ်​က​လေးငယ်​​တွေအတွက်​က​တော့ ဖန်​သားပြင်​သုံးစွဲချိန်​ဟာ တစ်​​နေ့ကို ၁ နာရီထက်​ ပိုဖို့မသင့်​​တော်​ပါဘူး။ ၁၈ လ ​အောက်​ က​လေးငယ်​​တွေကို​တော့ လုံးလုံးလျားလျားကို အသုံးပြုခွင့်​မ​ပေးသင့်​တာဖြစ်​ပါတယ်​။

Crd.ZAW (H2H)

Loading...

Facebook Comments