မြန်မာနိုင်ငံမှာချမှတ်တဲ့ သေဒဏ် ဘယ်အချိန်မှာအပြစ်ပေးသလဲ

မြန်မာနိုင်ငံမှာ သေဒဏ် ကိုဘယ်လိုကျင့်သုံးနေလဲ ။ ဖေဖော်ဝါရီ -၁၅ ၊၂၀၁၉ ။ ဦးကိုနီ လုပ်ကြံခံရမှုမှာ စွဲချက်တင်ထားသူလေးဦးအနက် နှစ်ဦး ကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ တရားရုံးက အမိန့်ချလိုက်ပါတယ်။

ဒီအမှုဟာ အများသူငါ စိတ်ဝင်စားကြတဲ့အမှုဖြစ်တဲ့အပြင် သေဒဏ်အမိန့်ချ လိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ သေဒဏ်စနစ်အပေါ် စိတ်ဝင်စားမှုလည်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာမြင့်တက်လာတာကိုတွေ့ရပါတယ်။

ဒါကြောင့်မြန်မာနိုင်ငံမှာ သေဒဏ်စနစ်ကို ဘယ်လိုကျင့်သုံးနေကြသလဲ ၊ ပုဒ်မအသီးသီးအတွက် ပြစ်ဒဏ်တွေချမှတ်ရာမှာ ဘယ်ပြစ်ဒဏ်ကို အရင်ကျခံ ရလဲဆိုတာတွေကို ထောင်မှူးကြီးဟောင်းလည်းဖြစ် ၊ ဥပဒေအကြံပေးလည်းဖြစ်တဲ့ ဦးခင်မောင်မြင့်နဲ့မေးမြန်းထားတာကိုတင်ဆက်လိုက်ပါတယ်။ 7Day News Journal

တရားခံမစုံဘဲ အမိန့်ချလိုက်ရတဲ့ ဦးကိုနီ လုပ်ကြံခံရမှု

ဖေဖော်ဝါရီ – ၁၅ ၊၂၀၁၉

အာဏာရပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ဥပဒေအကြံပေး ဦးကိုနီ က လုပ်ကြံသတ်ဖြတ်ခံရမှုမှာ စွဲချက် တင်ထားတဲ့သူ လေးဦးကို ဒီကနေ့မှာ ပြစ်ဒဏ်အသီးသီးအမိန့်ချလိုက်ပါပြီ။

သေနတ်သမားကြည်လင်းနဲ့ ပူးတွဲတရားခံ အောင်ဝင်းဇော်ကို မသေမချင်းလည်ပင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချပြီး သက်သေပစ္စည်ဖျောက်ဖျက်မှု နဲ့ဇေယျာဖြိုးကို အလုပ်နဲ့ထောင်ဒဏ်ငါးနှစ် ၊ ကျူးလွန်သူလွတ်မြောက်အောင်ကူညီပေးမှု နဲ့အောင်ဝင်းထွန်းကို အလုပ်နဲ့ထောင်ဒဏ် သုံးနှစ်တရားရုံးက ချလိုက်တာဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ နိုင်ငံတကာလေဆိပ်အနီး လူမြင်ကွင်းမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှု ကိုအမိန့်ချလိုက်ပေမယ့် ကွင်းဆက်တရားခံ အောင်ဝင်းခိုင်လွတ်မြောက်နေတဲ့အပေါ်ကို သုံးသပ်ဝေဖန်မှုတွေကတော့ ထွက်လာနေဆဲပါပဲ။

ဒါအပြင် ကြည်လင်းနဲ့အောင်ဝင်းဇော်တို့ကို သေဒဏ်အမိန့်ချပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့သေဒဏ် စနစ်အပေါ်မှာ လည်း စိတ်ဝင်စားမှုတွေက ရှိနေပါတယ်။

ဒီကနေ့ စကားဝိုင်းမှာတော့ ဦးကိုနီအမှု အမိန့်ချ မှတ်တဲ့အပေါ်အပြင် မြန်မာနိုင်ငံရဲ့သေဒဏ်စနစ်ကို ထောင်မှူးကြီးဟောင်းလည်းဖြစ် ၊ ဥပဒေအကြံပေးတစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်နဲ့ဆွေးနွေးထားတာကိုတင်ဆက်လိုက်ပါတယ်။ 7Day News Journal

Loading...

Facebook Comments