ရဲတပ်သားတစ်ဦးထံမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိပြီး ယင်းကိုရောင်းချပေးသည့် ရဲတပ်သားတစ်ဦးကိုပါ ထပ်မံဖမ်းဆီးရမိ

ကျောက်မဲ၊ ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့မရဲစခန်းတွင် ဖေဖော်ဝါရီ ၁၆ ရက်၊ နံနက်ပိုင်းကတာဝန်ကျတာဝန်မှူးမှ ဗဟိုကင်းတာဝန်ကျရဲတပ်သားတစ်ဦးကို သတင်းအရ သက်သေများနှင့်အတူ ရှာဖွေရာမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ပြီး နောက် ယင်းတို့ကို ရောင်းချပေးသည့်အခြားရဲတပ်သားတစ်ဦးကိုပါ ကွင်းဆက်ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရသည်။

ဖေဖော်ဝါရီလ၁၆ရက်၊ နံနက်၇နာရီ၄၅မိနစ်ခန့်တွင် ကျောက်မဲမြို့မရဲစခန်း၌ တာဝန်မှူးတာဝန်ကျနေသည့်ဒုရဲအုပ် ဇေယျာလင်းသည် မူးယစ်ဆေးဝါးသတင်းအရ ရဲအရာခံကျော်ဆန်းဦး၊ ရဲတပ်ကြပ်ကြီးကျော်ကျော်အောင်၊ ရဲဒုတပ်ကြပ်မောင်မြင့်၊ အရံမီးသတ် သက်သေ ဦကျော်ကျော်လွင်၊ မြို့မိမြို့ဖ ဦးကိုကိုတို့နှင့်အတူ ဗဟိုကင်းတာဝန်ကျနေသည့် ရဲတပ်သား စိုင်းဖြိုးဝေအား ရဲစခန်းဆင်ဝင်အောက်တွင်တွေ့ရှိရာ မသင်္ကာသဖြင့် ၄င်း၏ခန္ဓာကိုယ်အား သက်သေများနှင့်အတူ ရှာဖွေရာ ၄င်းဝတ်ဆင်ထားသည့် အပေါ်အနွေးအင်္ကျီဘယ်ဘက်အပေါ် အိပ်ကပ်အတွင်းမှ ပလပ်စတစ်ဗူးဖြင့်တည့်ထားသည့် ဘိန်းဖြူဟုယူဆ ရသော ဖြူ/၀ါရောင်အမှုန့် အလေးချိန်(၀ဒသမ၃)ဂရမ်ခန့်ကို ရှာဖွေတွေ့ရှိသဖြင့် တာဝန်မှူးမှ ရှာဖွေပုံစံဖြင့်ရေးသွင်းကာသက်သေများရှေ့တွင် သိမ်းဆည်းခဲ့ပြီးနောက် အဆိုပါမူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ ဆက်လက် စစ်မေးရာ ဖမ်းဆီးရမိသည်ဘိ့န်းဖြူများအား ရဲတပ်သား ဝေလင်းဦးထံမှ ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူ ရဲတပ်သား စိုင်းဖြိုးဝေနှင့်ရောင်းချပေးသူ ရဲတပ်သား ဝေလင်းဦးတို့(၂)ဦးကို ဖမ်းဆီးအရေးယူခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။

ကွင်းဆက်အရဖမ်းဆီးရမိသည့် ရဲတပ်သား ဝေလင်းဦးအား စစ်မေးရာ ၄င်းမှ ဖေဖော်ဝါရီလ ၁၅ ရက်၊ ညနေ ၅နာရီခန့်ကကျောက်မဲမြို့၊ ရပ်ကွက်(၈)၊ အင်ကြင်းတောင်ရှိ ဘုန်းကြီးကျောင်းအနီးတွင် တွေ့ရှိသည့် အမည်မသိ အသက်(၄၀)ခန့် လူတစ်ဦးထံမှ ဘိန်းဖြူတစ်ဗူးအားဝယ်ယူခဲ့ပြီး နေအိမ်သို့ပြန်လာခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၆ ရက် နံနက်၈နာရီတွင် ရဲစခန်း၌တန်းစီပြီး ရဲတပ်သား စိုင်းဖြိုးဝေနှင့်တွေ့ဆုံစဉ် ရဲတပ်သားစိုင်းဖြိုးဝေမှ မူးယစ်ဆေးဝါးလိုချင်ကြောင်းပြောကြားသဖြင့်ရဲတပ်သားဝေလင်းဦးမှ ၄င်းဝယ်ယူထားရှိသည့် ဘိန်းဖြူဗူးအားပြန်လည်ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရှိရသည်။

ထို့ကြောင့် ဘိန်းဖြူဟု ယူဆရာသော ဖြူ/၀ါရောင်မှုန့်များကို သုံးစွဲရန်အလို့ငှာ လက်ဝယ်ထားရှိသူ ရဲတပ်သား စိုင်းဖြိုးဝေနှင့်ရဲတပ်သသား ဝေလင်းဦး တို့(၂)ဦးအား ကျောက်မဲမြို့မရဲစခန်းမှ မယ(ပ)၁၁/၂၀၁၉၊ မူး/စိတ်ပုဒ်မ၁၆(ဂ)၊ ၂၁ အရ အမှုဖွင့်အရေးယူစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

Oo Oo Zaw
Photo – Oo Pa

Credit :Popular News Journal

Loading...

Facebook Comments