ကြည်လင်းနဲ့ အောင်ဝင်းဇော်တို့ကို ကြိုးမိန့်ပေး၊ ကျန်တဲ့သူတွေကို ထောင်ဒဏ်ချမှတ်

ရှေ့နေ ဦးကိုနီနဲ့ တက္ကစီသမား ဦးနေ၀င်းတို့ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး စွဲချက်တင်ခံထားရသူတွေကို ဖေဖော်ဝါရီလ (၁၅)ရက် ဒီနေ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချလိုက်ပြီဖြစ်ပါတယ်။ ကြည်လင်းကို ထောင်ဒဏ်အနှစ်(၂၀) အပါ လည်ပင်းကို မသေမချင်းကြိုးပေးသတ်ရန် အမိန့်ချခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့တရားခံတွေဖြစ်တဲ့
အောင်ဝင်းဇော်ကိုတော့ မသေမချင်း ကြိုးမိန့်ပြစ်ဒဏ်၊
ဇေယျာဖြိုးကို ထောင်ဒဏ်(၅)နှစ်နဲ့ အောင်ဝင်းထွန်းကို
ထောင်ဒဏ်(၃)နှစ် ချမှတ်ခဲ့တာဖြစ်တယ်လို့ တရားခံကြည်လင်း ရဲ့ရှေ့နေ ဦးကျော်ကျော်ထိုက်က ပြောပါတယ်။

သတင်း – မျိုးမင်း (5 Plus News)

Loading...

Facebook Comments