သင်္ကန်းဝတ်​နှင့်​သားမယားအဖြစ်​ပြုကျင့်​မှု ဖြစ်​ပွား

တိုက်​ကြီး-ဖေ​ဖော်​ဝါရီ-၁၄။

တိုက်​ကြီးမြို့နယ်​၊ဥပ္ပုံစုရပ်ကွက်​၊ကရင်​ခြံဓမ္မရိပ်​သာ​ကျောင်း၊​ကျောင်းဝင်းတွင်​သင်္ကန်းဝတ်​ဖြင့်​ ​ဖေ​ဖော်​ဝါရီလ ၁၃ ရက်​​နေ့ ည ၁၀း၃၀ နာရီခန့်​အချိန်​၌ အမျိုးသမီးတစ်​ဦးအား သားမယားအဖြစ်​ပြုကျင့်​​ကြောင်းသိရသည်​။

ဖြစ်​စဉ်​မှာ ​ကျောင်းထိုင်​ဆရာ​တော်​ ဦးဒီပဝံသ(ခ)ဦးတင်​ဝင်း(၆၀)နှစ်​(၄၀)ဝါ(ဘ)ဦးအင်းနားသည်​ ​ကျောင်းအတွင်း၌၊တစ်​ပါးထိုင်​​ကျောင်း​ဆောင်​(၄)​လုံး​ဆောက်​လုပ်​၍ မိသားစု(၄)စုအား ငှားရမ်း​ထားရှိပြီး၊အဆိုပါမိသားစုထဲတွင်​ ၊တရားလို မ——–(၁၉)နှစ်​နှင့်​ ၎င်း၏ခင်​ပွန်းကို——–(၂၆)နှစ်​၊​တို့​သည်​၊လွန်​ခဲ့​သော(၁၅)ရက်​ခန့်​က ငှားရမ်း​နေထိုင်​ခဲ့ကြသည်​။

ဖေ​ဖော်​ဝါရီ ၁၃ ရက်​​နေ့ ည ၁၀း၃၀ အချိန်​ခန့်​တွင်​ မ—–အား
ဦးဒီပဝံသ(ခ)ဦးတင်ဝင်းမှ၊၎င်းးကျိန်းစက်​ရာအခန်းတွင်းသို့ ​ခေါ်​ဆောင်​၍(၅)မိနစ်​ခန့်​နှိပ်​နှယ်​​စေခဲ့ပြီး​နောက်​ မ——-(၁၉)နှစ်​၏ အင်္ကျီအဝတ်​အစားများကို အတင်းဆွဲချွတ်​၍ ကုတင်​​ပေါ်တွန်းလဲကာ ၊​အော်​ပါက ​သတ်​ပစ်​မည်​၊​ကျောင်းထဲမှနှင်​ထုတ်​မည်​ဟု​ပြောဆိုကာ (၁၅)မိနစ်​ခန့်​အကြာ သားမယားအဖြစ်​ အဓမ္မပြုကျင့်​​နေစဉ်​ ခင်​ပွန်းဖြစ်​သူ ကို—–​ရောက်​ရှိလာပြီး၊တရားလိုအားသားမယားအဖြစ်​ အဓ္ဓမပြုကျင့်​ ​နေသည်​ကို​တွေ့မြင်​ သိရှိရသဖြင့်​….

သားမယားအဖြစ်​ အဓ္ဓမပြုကျင့်​သူဦးဒီပဝံသ(ခ)ဦးတင်​ဝင်းအား တိုက်​ကြီးရဲစခန်းမှူး ဒုရဲမှူး​ကျော်​ခိုင်​စိုးမှစစ်​​ဆေးပြီး သာသနာ​ရေးမှူးနှင့်​ မြို့နယ်​သံဃနာယက ဆရာ​တော်​များမှ လူဝတ်​လဲ​စေပြီး ရဲစခန်းမှ (ပ)၂၀၉/၂၀၁၉ ရာဇသတ်​ကြီပုဒ်​မ ၃၇၆ဖြင့်​ အမှုဖွင့်​လျှက်​ရှိ​ကြောင်းသတင်းရရှိသည်​။

ထို့ပြင်​​ဘုန်းကြီးကျောင်းဝိုင်းတွင်​ မိသားစုများရှိ​နေခြင်းဖြင့်​ မ​မျှော်​မှန်းနိုင်​​သောပြဿများဖြစ်​​ပေါ်​စေသဖြင့်​ မိသားများမ​နေရန်​သာသနာ​ရေးမှူးနှင့်​အုပ်​ချုပ်​​ရေးပိုင်းများဆက်​လက်​​ဆောင်​ရွက်​မည်​ဖြစ်​​ကြောင်းသတင်းရရှိသည်​။
ထွန်းလှိုင်​(မြိုင်​)

 

Loading...

Facebook Comments