ခင်ပွန်းသည်ရဲ့ ဝှေးစေ့ကို တစ်စစီ စုတ်ဖြဲပြီး ဥထွက်ကျအောင် ညှစ်ပစ်ခဲ့တဲ့ အမျိုးသမီးရဲ့ အကြောင်းရင်း

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ဇနီးသည်ကို ပန်းလက်ဆောင်ပေးဖို့ မေ့နေခဲ့သလို

ဇနီးသည်က အိမ်အလုပ်တွေကူလုပ်ပေးဖို့ တောင်းဆိုရာမှာလည်း ငြင်းဆိုခဲ့တဲ့ ခင်ပွန်းတစ်ဦးရဲ့ ဝှေးစေ့ကို ဇနီးသည်က တစစီ ဆုတ်ဖြဲပစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ။

ရိုမေးနီးယားနိုင်ငံ ၊ အရှေ့မြောက်ဘက် က Vaslui ဒေသမှာ ရှိတဲ့ Drogomiresti ဆိုတဲ့ ကျေးရွာလေးမှာ နေထိုင်သူအသက် ၃၉ နှစ်အရွယ် Ionel Popa ဟာ ဝှေးစေ့ အရေပြားတွေ ဆိုးဝါးစွာ စုတ်ပြဲ ပဲ့ထွက်ကုန်တာကြောင့် ဆေးရုံကို အရေးပေါ်ပို့ဆောင်ခြင်း ခံခဲ့ရပါတယ်။

အိုနေးလ် ပေါ့ဘာ ရဲ့ ဇနီးဖြစ်သူ က သူ့ရဲ့ ဝှေးစေ့ကို ဖြစ်ညှစ်ပြီး ဆုတ်ဖြဲလိုက်တာကြောင့် အခုလို ဖြစ်ခဲ့တာ ဖြစ်ပြီး ဇနီးသည်ကတော့ “သူမရဲ့ ကိုယ်ပိုင်ခွန်အားကို မခန့်မှန်းမိခဲ့လို အခုလိုဖြစ်သွားရခြင်း ဖြစ်တယ်”လို့ ထွက်ဆိုထားပါတယ်။

အိုနေးလ် ပေါ့ဘာရဲ့ ဝှေးစေ့ အရေပြားဟာ မယုံနိုင်အောင် ပဲ့ထွက် စုတ်ပြတ်ကာ စုတ်ပြဲသွားတာကြောင့်သူ့ ရဲ့ ဘယ်ဘက် ဝှေးစေ့ တစ်လုံးဟာ ပြုတ်ထွက်သွားခဲ့ရပြီး ဆေးရုံရောက်ရောက်ချင်းပဲ ထိုထိခိုက်မှုကို ကုသဖို့ အရေးပေါ် ခွဲစိပ်မှုခံယူခဲ့ရတယ်လို့ သိရပါတယ်။

“အိုနေးလ် က မူးလာရင် အချိုးပြောင်းသွားတယ်။သူ အေးနေလို့ ကျွန်မကို မီးမွှေးခိုင်းထားတယ်။ ကျွန်မလည်း စကားမများချင်လို့ လုပ်ပေးလိုက်ပါတယ်။မနက်ပိုင်းမှာတော့ ကျွန်မ လိုက်ကာ တွေဖွင့်ပြီးတာနဲ့ သူ့ကို အိမ်ကထွက်ပြီး အလုပ်လုပ်ဖို့ ပြောပါတယ်။

မဟုတ်ရင်လည်း ကျွန်မကို အိမ်အလုပ်တွေ ကူလုပ်ပေးဖို့ပြောလိုက်ပါတယ်။ဒါပေမယ့် သူက အော်ဟစ်ပြီး ကျွန်မကို အမိန့်မပေးဖို့ ပြန်ပြောပါတယ်။ ကျွန်မလည်း ဒေါသထွက်ပြီး သူ့ရဲ့ဝှေးစေ့ကို ညှစ်လိုက်ပါတယ်။

ရေခဲနည်းနည်းအုပ်ရင် သက်သာမယ်ထင်ထားပေမယ့်လည်း ဆေးရုံကားခေါ်ခဲ့ရပါတယ်။” လို့ သူ့ရဲ့ ဇနီးဖြစ်သူ Marinela Benea က ဆိုပါတယ်။သူတို့လင်မယားဟာ အတူတကွနေထိုင်ခဲ့တာ ၁၅ နှစ်ရှိပြီဖြစ်သလို သူတို့မှာ အသက် ၁၅ နှစ်ခန့်ရှိနေပြီဖြစ်တဲ့ သား တစ်ယောက်လည်း ထွန်းကားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဒီအမှုကို စုံစမ်းစစ်ဆေးပြီး အရေးယူ ဆောင်ရွက်ခဲ့ပါတယ်။အိုနေးလ်ကတော့ ဆေးရုံမှာ ရက်အတော်ကြာ တက်ရောက်ကုသခဲ့ရပါတယ်။

Credit: mmlivenews

Loading...

Facebook Comments