ရတနာပုံကျောင်းသား ၇ယောက်ကို အလုပ်နဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်

ရတနာပုံတက္ကသိုလ်ကျောင်းသား ၇ ယောက်ကို တရားစွဲဆိုထားတဲ့ ပုဒ်မတွေထဲက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ စွဲဆိုထားတာကို အမရပူရမြို့နယ်တရားရုံးက ဒီနေ့ ရုပ်သိမ်းလိုက်ပြီး မီးရှို့မှု ပုဒ်မ ၄၃၅နဲ့ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ အတွက် အလုပ်နဲ့ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့သိရပါတယ်။

အဲဒီကျောင်းသား ၇ယောက်ကို မီးရှို့မှုအတွက် အလုပ်နဲ့ထောင်ဒဏ် ၃လ၊ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ အတွက် အလုပ်နဲ့ ထောင်ဒဏ် ၂လ ကျခံဖို့ အမိန့်ချလိုက်တာပါ။ အဲဒီထောင်ဒဏ်တွေကို တစ်ပေါင်းတည်း ကျခံဖို့ ချမှတ်လိုက်တာလို့ သိရပါတယ်။

အဲဒီတက္ကသိုလ်ကျောင်းသား ၇ ယောက်ဟာ ကျောင်းလုံခြုံရေးနဲ့ ကျောင်းသန့်ရှင်းရေး တိုးမြှင့်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုရာကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ငြိမ်းစုစီ ဥပဒေနဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

crd; rfa.

Loading...

Facebook Comments