မသင်းသင်းနဲ့ ဆုံတုန်း​လေး ဓာတ်​ဖမ်းခဲ့တယ်​ဆိုတဲ့ ခြိမ့်​​ကေကို

Myanmar Idol Season 3 ကို ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ခြိမ့်ကေကိုကတော့ လိုအပ်ချက်အနည်းငယ်ကြောင့် ဒိုင်တွေရဲ့ရွေးခြယ်မှုကို မခံရပေမယ့်လည်း မလျှော့သော ဇွဲနဲ့ အနုပညာကို ကြိုးစားနေသူတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ လက်​ရှိမှာလည်း အနုပညာအလုပ်တွေ လုပ်ကိုင်နေပြီဖြစ်တဲ့ ခြိမ့်ကေကိုကတော့ အနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။ လတ်​တ​လောမှာ​တော့ ခြိမ့်ကေကိုက ​မော်​ဒယ်​တစ်​ဦးဖြစ်​တဲ့ သင်းသင်းနဲ့ ဆုံ​တွေ့ခဲ့တဲ့အ​ကြောင်း လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

ခြိမ့်ကေကိုကတော့ “မသင်းသင်းနဲ့ဆုံတုန်းလေဓာတ်ဖမ်း😁😁😅😅😅😅😅” ဆိုပြီး သူနဲ့ သင်းသင်းရဲ့ပုံရိပ်​​လေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာပါ ဝါသနာပါတဲ့ ခြိမ့်ကေကိုကတော့ အခုဆိုရင် ပညာပေးဇာတ်လမ်းတွေနဲ့ တစ်ခြားသော ဇာတ်လမ်းတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ခြိမ့်ကေကိုကတော့ ရိုးသားကြိုးစားပြီး လူချစ်လူခင်ပေါအောင် နေတတ်သူတစ်ဦးမို့ အနုပညာရှင်တွေကလည်း ခင်ခင်မင်မင်ရှိတာ တွေ့ရပါတယ်။ပရိသတ်​​တွေက​တော့ ခြိမ့်​​ကေကိုနဲ့ သင်းသင်းတို့နှစ်​​ယောက်​​ပေါင်းပြီး အနုပညာအလုပ်​​တွေ ​တွဲလုပ်​ကြမှာလားဆိုတာ အရမ်းစိတ်​ဝင်​စား​နေကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ပရိသတ်တွေအတွက် အနုပညာကို အရမ်းကြိုးစားနေတဲ့ ခြိမ့်ကေကိုနဲ့ သင်းသင်းတို့နှစ်​ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Chaink k Ko’s Facebook

Loading...

Facebook Comments