အမေဖြစ်သူကိုရှာဖို့ အဖေမသိအောင်နေအိမ်မှခိုးထွက်လာတဲ့ ညီအစ်မနှစ်ယောက်

ဆယ်ကျော်သက်ရွယ် မြန်မာမိန်းခလေးနှစ်ဦး ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ဝင်ရောက်လာကာ ထိုင်း – မလေးရှားနယ်စပ်သို့ ဆက်လက်ထွက်ခွါရန်ရည်ရွယ်ချက်ဖြင့် မယ်ဆိုင်မြို့ အဝေးပြေးကားဂိတ်သို့ရောက်ရှိနေသဖြင့် ခေတ္တခေါ်ယူထိန်းသိမ်းထားပြီး လိုအပ်သည်များအားဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် လာရောက်လွှဲပြောင်းခေါ်ဆိုပါရန်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ 191 ရဲတပ်ဖွဲ့မှတာချီလိတ်မြို့အခြေစိုက် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ CNCMC သို့ ဖေဖေါ်ဝါရီ ၁၀ ရက် ည ၇း၅၀ မိနစ်ခန့်က ဆက်
သွယ်အကြောင်းကြားလာသည့်အတွက် CNCMC လုပ်ငန်းကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန် ၊

အတွင်းရေးမှူး ဦးစည်သူမောင် ၊ အဖွဲ့ဝင် ဦးထွန်းနိုင်ဦးတို့မှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် ၁ ( တာချီလိတ်) မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေး ထံ ဆက်သွယ်ညှိနှိုင်းကာ မယ်ဆိုင်မြို့ 191 ရဲတပ်ဖွဲ့ထံ ည ၈ နာရီတွင် သွားရောက်တွေ့ဆုံပြီး အဆိုပါ မိန်းခလေးငယ်နှစ်ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ကြပါသည်။

ထို့နောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးနှင့် တာဝန်ရှိသူများမှ အဆိုပါမိန်းခလေးငယ်နှစ်ဦးအား စစ်ဆေးမေးမြန်းရာ ၄င်းတို့နှစ်ဦးသည် ညီအမအရင်းများ ဖြစ်ကြပြီး မအေး …………… ( ၁၅ နှစ် ) နှင့် မခင်…………. (၁၃ နှစ် ) ဖြစ်ပါကြောင်း ၊ ၄င်းတို့ငယ်စဉ်ကပင် မိဘနှစ်ပါးမှာ အိမ်ထောင်ရေးပြိုကွဲသွားကာ နောက်အိမ်ထောင်များ အသီးသီးပြုကြပြီး

၎င်းတို့ညီအမနှစ်ဦးမှာ တာချီလိတ်မြို့တွင် ဖခင်နှင့်နေထိုင်ကာ မိခင်မှာမူ ထိုင်း-မလေးရှားနယ်စပ်ရှိဖါ့တိုက်မြို့တွင် နေထိုင်ပါကြောင်း ၊ ၄င်းတို့အနေဖြင့် မူလတန်းအဆင့်ထိသာစာသင်ခဲ့ရပြီး ယခုအခါနှစ်ဦးလုံးကျောင်းထွက်ထားရပါကြောင်း ၊ ဖခင်နှင့်နေထိုင်ရာတွင် မိထွေးနှင့်လည်းအဆင်မပြေ ၊

မိခင်ကိုလည်းသတိရသဖြင့် ၂၀၁၉ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက် ညနေ ၃နာရီခွဲခန့်တွင် ဖခင်မသိအောင်နေအိမ်မှခိုးထွက်လာပြီး ထိုင်းဖက်သို့ကူးလာခဲ့ပါကြောင်း ၊ ၄င်းတို့အိမ်မှထွက်လာသည်ကို မိခင်မှလည်း မသိသလို မိခင်နေထိုင်ရာမြို့ကိုလည်း တခါမှမရောက်ဖူးပါကြောင်း ၊

သို့ဖြင့် မယ်ဆိုင်မြို့အဝေးပြေးကားဂိတ်တွင် ၀ဲလည်လည်ဖြစ်နေရာမှ ထိုင်းရဲတပ်ဖွဲ့မှ ခေါ်ယူထိန်းသိမ်းထားကာ ယခုည
ပိုင်းတွင် မြန်မာဖက်မှ တာဝန်ရှိသူများထံပြန်လည်လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ပါကြောင်း သိရှိရပါသည်။

ထို့နောက် တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးနှင့် တာဝန်ရှိသူများက ၄င်းမိန်းခလေးငယ်နှစ်ဦး၏ဖခင်ဖြစ်သူ ဦးအာ …….. အား ဆက်သွယ်ခေါ်ယူပြီး တစ်ဖက်နိုင်ငံတွင် ယခုလိုဆယ်ကျော်သက်ရွယ်လေးများ တရားမ၀င်သွားရောက်မှုဖြင့်ကြုံတွေ့ရနိုင်သည့် အန္တရာယ်များ ၊

လူကုန်ကူးခံရမှုနှင့်ကြုံတွေ့ရပါကဖြစ်ပေါ်လာနိုင်သည့် ဆိုးကြိုးများအား ပညာပေးဆွေးနွေးကာ မိဘများအနေဖြင့်လည်း
မိမိတို့၏သားသမီးများအား မိဘ၀တ္တရားနှင့်အညီ ရင်အုပ်မကွာထိန်းသိမ်းစောင့်ရှောက်ရေး ၊ ပြုစုပျိုးထောင်ရေး အသိပညာပေးကာ မိန်းခလေးငယ်နှစ်ဦးအား မိဘအုပ်ထိန်းသူထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။မောင်ယဉ်ကျေးCNCMC

Loading...

Facebook Comments