ရေကန်ဘေးမှာ စွန့်ပစ်ခဲ့တဲ့သခင်ရဲ့ကားနောက်ကို ပြေးလိုက်ခဲ့တဲ့ ခွေးလေး

ကားမောင်းနှင်သူတစ်ဦးဟာ နှလုံးကြေကွဲစရာ ရုပ်သံဗီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပြီး ခွေးလေးတစ်ကောင်ကို ပိုင်ရှင်ကိုယ်တိုင်က စွန့်ပစ်နေတာကို မျက်စိနဲ့တပ်အပ်မြင်ခဲ့ရတာကို ဗီဒီယိုရိုက်ကူးခဲ့တာဖြစ်ပါတယ်။

စွန့်ပစ်ခံရတဲ့ခွေးလေးဟာ အမည်းရောင် Labrador မျိုးဖြစ်ပြီး လှည့်ထွက်သွားတဲ့ သခင်ပေါ်ကို ခုန်တက်ဖို့ ကြိုးစားရင်း ကစားဖို့ ကြိုးပမ်းနေပုံရပါတယ်။ စွန့်ပစ်ခံခွေးလေးရဲ့ သခင်ဟာ ကားနဲ့ဝေးရာမှာ ထားရစ်ခဲ့ဖို့ ကြံစည်ခဲ့ပုံရပြီး ခွေးလေးက သခင်နားကမခွာခဲ့ပါဘူး။
စွန့်ပစ်ခံခွေးလေးရဲ့ပိုင်ရှင်ဟာ ကားပေါ်ကို တက်သွားတဲ့အချိန်မှာ ခွေးလေးကလည်း အိမ်ပြန်ရမယ်လို့ နားလည်ခဲ့တာကြောင့် ကားပေါ်ကို လိုက်ခုန်တက်ပေမယ့် ၎င်းရဲ့ပိုင်ရှင်က ကားအပြင်ဘက်ကို တွန်းထုတ်ခဲ့ပြီး ကားမောင်းထွက်သွားခဲ့ပါတယ်။

ခွေးလေးဟာ ကားမောင်းထွက်သွားတဲ့ သခင်ဖြစ်သူနောက်ကို စွန့်ပစ်ခံလိုက်ရပြီဆိုတာ သိလိုက်ရတဲ့ပုံနဲ့ တောက်လျှောက် ပြေးလွှားရင်း လိုက်ပါသွားခဲ့တာကို စိတ်မကောင်းဖွယ် မြင်တွေ့ခဲ့ရပါတယ်။
ယင်းဗီဒီယိုဖိုင်ဟာ ကယ်လီဖိုးနီးယား ဘိတ်ကာဖီးလ်က Ming ရေကန်အနီးမှာ စတီဗင်ဆေ့ဂ်ျဆေးလ်ဗားလို့ အမည်ရတဲ့ကားမောင်းနှင်သူ တစ်ဦးက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရုပ်သံဖိုင်ထဲမှာ စတီဗင်ရဲ့ ‘ဟေ့လူ မလုပ်နဲ့လေ။ အဲဒါ ခင်ဗျားခွေးလေ။ တော်တော်စိတ်ပျက်စရာပဲကွာ။ ဒီလူက သူ့ခွေးကို ဒီနေရာမှာ စွန့်ပစ်ထားဖို့ လုပ်နေတာပဲ’လို့ အော်နေတဲ့အသံကို ခွေးပိုင်ရှင်က ကြားပေမယ့် မသိချင်ယောင်ဆောင်ပြီး ထွက်သွားခဲ့တာဖြစ်ပါတယ်။

Credit : PyitTineHtaungNews

Loading...

Facebook Comments