ဘာလီကျွန်းမှာ ရိုးရာဝတ်စုံလေးတွေပြီး အပြိုင်အဆိုင် နန်းဆန်နေကြတဲ့ ရွှေနှစ်ရွှေ

ချစ်စခင်စ ကြင်စဦးဇနီးမောင်နှံလေး ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလုပ်ငန်းတွေကို ကိုယ်စီလုပ်ကိုင်ရင်း သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လက်ထပ်ထားတာ လအနည်းငယ် ကြာနေပြီ ဖြစ်ပေမယ့် ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ တစ်ယောက်ကို တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်ကြတာကို ပရိသတ်ကြီး သိပြီးသားဖြစ်မှာပါ။

ရွှေထူးနဲ့ ရွှေမှုံရတီက အခုလက်ရှိမှာတော့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းလေးမှာ ပင်ပန်းးသမျှတွေကို အပန်းဖြေနေကြတာပဲ ဖြစ်ပါတယ်။

မိုမိုလေး ပရိသတ်တွေအတွက် ဘာလီကျွန်းပေါ်က ရွှေနှစ်ရွှေရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဆုံပြီး ပရိသတ်တွေ အားကျအောင်လုပ်နေတဲ့ ရွှေနှစ်ရွှေ

ရွှေနှစ်ရွှေကတော့ ဘာလီမှာ အပျော်ကြီးပျော်ပြီး အရာအားလုံးကို မေ့နေတဲ့ပုံပဲနော်။ ပရိသတ်တွေလဲ ရွှေထူးနဲ့ ရွှေမှုံရတီရဲ့ ကြည်နူးပျော်ရွှင်ဖွယ် ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျနှစ်ခြိုက်နေကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Shwe Mhone Yati’s fb

Loading...

Facebook Comments