သတင်းအရရှာဖွေရာမှ မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရ

ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူး၏ညွှန်ကြားချက်အရ ထားဝယ်ခရိုင် မှုခင်းနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်အောင်သူနှင့် အဖွဲ့သည် သတင်းအရရှာဖွေရာမှ မူးယစ်ဆေးဝါး၊ လက်နက်များနှင့် ဆက်စပ်ကျူးလွန်သူ များအားဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ထားဝယ်ခရိုင် မှုခင်းနှိမ်နှင်းရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဖေဖေါ်ဝါရီ (၈) ရက် ညနေ (၄) နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးအိမ် ၀င်ရောက်ရှာဖွေခွင့်ဝရမ်း အမှတ်(၁/၂၀၁၉)ဖြင့် ထားဝယ်မြို့ ပိန္နဲတောရပ်ကွက်၊ ရွှေတောင်စားလမ်းရှိ တင်မျိုးထွန်းနေအိမ်အားရှာဖွေရာ

တင်မျိုးထွန်းခရီးထွက်နေသဖြင့် ဇနီးဖြစ်သူ မချိုချိုအောင်(ခ) မချိုအားရှာဖွေရာ ခန္ဒာအတွင်းနှင့် လက်ကိုင်အိတ်အတွင်းမှ WY ဆေးပြား(၁၃၈)ပြား၊ ပွိုင့် ၂၂ Special အမျိုးအစား (၇) လုံးထိုး သေနတ်အတို(၁)လက်၊ ပွိုင့် ၂၂ Special အမျိုးအစား Super စာတမ်းပါ ယမ်းတောင့်အရှည် (၁၁)တောင့်၊

အတို(၇)တောင့်၊ ဗီဒိုအံဆွဲအတွင်းမှ ဖေါက်ခွဲရေးလုပ်ငန်းများတွင် အသုံးပြုသည့် လျှပ်စစ်စနက်တံနှင့်တွဲလျှက် (ဒီတိုနေတာ)၂စုံ၊ ငွေသား (၃၃၅၀၅၀၀ိ/-) ကျပ်တို့အားသိမ်းဆည်းရမိသည်။

ယင်းနောက်မချိုချိုအောင် ဖုန်းအားအသုံးပြု၍ ဆေးဝါးရောင်းချသူအား ထားဝယ်မြို့ ပိန္နဲတော ရပ်ကွက်၊ ပခုက္ကူဘုန်းကြီးကျောင်း အနောက်လမ်းသွယ်သို့ ချိန်းဆိုချက်အရ အောင်ပိုင်ဖြိုးမောင်းနှင်ပြီး ဆန်းဦး စီးနင်းလာ ဆိုင်ကယ်အားရှာဖွေရာ ဆန်းဦးထံမှ ဆေးပြား (၂၀၀) အားလည်းကောင်း၊

၎င်းတို့ဝယ်ယူ သည် လောင်းလုံမြို့နယ် ပြည်တော်သာလမ်းနေ မမြတ်ပွင့်ဖူးနေအိမ်အား ရှာဖွေရာမှ မူးယစ်ဆေးပြား (၁၇၆၀) ပြားအားလည်းကောင်း ရှာဖွေဖမ်းဆီးမိသဖြင့် ထားဝယ်မြို့မစခန်းနှင့် လောင်းလုံမြို့မစခန်းတို့က အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။ဗြက်စ

Loading...

Facebook Comments