သရုပ်ဆောင်များအဖြစ် စတင်မြင်တွေ့ရတော့မယ့် MRTV 4မှ အစီအစဉ် တင်ဆက်သူများ

ပရိသတ်တွေ နေ့စဉ်ထိတွေ့မှုရှိနေတဲ့ MRTV 4 free to air ရုပ်သံလိုင်းမှ အစီအစဉ် တင်ဆက်သူများ ဖြစ်ကြတဲ့ တေဇာကျော်၊ မှူးသီဟသူ၊ သဇင်နွယ်ဝင်းနဲ့ ဆုမွန်တို့ကို ပရိသတ်ကြီး သိပြီးသားနေမှာပါ။ ချိုသာတဲ့အပြုံးလေးနဲ့ စကားအပြောအဆို ပါးနပ်လိမ္မာတာကြောင့် နာမည်ကြီး အစီအစဉ် တင်ဆက်သူတွေအဖြစ် နာမည်ကြီးလှပါတယ်။

ပရိသတ်တွေ ချစ်ကြတဲ့ တေဇာကျော်၊ မှူးသီဟသူ၊ သဇင်နွယ်ဝင်းနဲ့ ဆုမွန်တို့က အခုဆိုရင် သရုပ်ဆောင်များအဖြစ် စတင်ခြေလှမ်းတော့မှာ ဖြစ်ပါတယ်။ သူတို့လေးဦးက MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသမယ့် Escape ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်သွားမှာပါ။

Escape ဇာတ်လမ်းတွဲကို ဒါရိုက်တာ ဟိန်းကိုကိုနဲ့ တွဲဖက်ဒါရိုက်တာ အောင်မြင့်မြတ်တို့က ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်များအနေနဲ့ မင်းဘုန်းမြတ်၊ တေဇာကျော်၊ မှူးသီဟသူ၊ သဇင်နွယ်ဝင်း၊ ဆုမွန် နဲ့ အခြားသော သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ပါတယ်။

ပထမဆုံး ဇာတ်လမ်းတွဲကြီးကို ရိုက်ကူးရတော့မှာမို့ စိတ်လှုပ်ရှားနေတဲ့ သဇင်နွယ်ဝင်း

ပရိသတ်ကြီးလဲ တေဇာကျော်၊ မှူးသီဟသူ၊ သဇင်နွယ်ဝင်း၊ ဆုမွန်တို့ရဲ့ Escape ဇာတ်လမ်းတွဲကြီး ထုတ်လွှင့်ပြသရင် အားပေးဖို့ မမေ့နဲ့နော်။

Rowena
Source: Hmu Thiha Thu’s fb

Credit : momolay

Loading...

Facebook Comments