ထီသိန်းနှစ်သောင်းခွဲပေါက်ရင် သင်ဇာဝင့်ကျော်ကို ဘရာစီယာဝယ်ပေးမယ်လို့ စနောက်လိုက်တဲ့ ဖိုးသဲ

ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာ ညီအစ်ကို ဖြစ်ကြတဲ့ ဖိုးသဲနဲ့ ချက်ကြီးဟာ နာမည်ကြီး လူရွှင်တော်အဖွဲ့ဖြစ်တဲ့ မြန်မာပြည်စတားမှ အဖွဲ့ဝင်များဖြစ်ပါတယ်။ ဖိုးသဲနဲ့ ချက်ကြီးက အတွဲညီလွန်းလို့ ပရိသတ်တွေက တော်တော်လေး သဘောကျကြပြီး ရုပ်ရှင် ဗီဒီယိုတော်တော်များများမှာ ဇာတ်ပို့ နေရာကနေ အမြဲသရုပ်ဆောင်ရသူများ ဖြစ်ပါတယ်။ ဖိုးသဲနဲ့ ချက်ကြီးက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို အတူတူ တွဲဖက်လုပ်ကိုင်လျက်ရှိပါတယ်။

ပရိသတ်တွေကို အမြဲပျော်ရွှင်အောင် စနောက်တတ်တဲ့ ဖိုးသဲနဲ့ ချက်ကြီးက အခုနောက်ပိုင်း ဖေ့စ်ဘုတ်စာမျက်နှာမှာ ဟာသဗီဒီယိုအတိုလေးတွေကိုလဲ တင်လေ့ရှိတာဖြစ်ပါတယ်။

အခုလဲ ဖိုးသဲနဲ့ ချက်ကြီးက အနုပညာလုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်တဲ့ သင်ဇာဝင့်ကျော်ကို စနောက်ထားတဲ့ ဗီဒီယိုလေးတစ်ခုကို သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် ဖိုးသဲနဲ့ ချက်ကြီးတို့ရဲ့ ဟာသဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သင်ဇာဝင့်ကျော်ကို အရွှန်းဖောက်ထားတဲ့ ဖိုးသဲနဲ့ ချက်ကြီး

ပရိသတ်ကြီးလဲ သင်ဇာဝင့်ကျော်ကို ချစ်စနိုးလေး စနောက်ထားတဲ့ ဖိုးသဲနဲ့ ချက်ကြီးတို့ရဲ့ ဟာသဗီဒီယိုလေးကို ကြည့်ပြီး ပြုံးမိကြမယ်ထင်ပါတယ်။ ဒီပိုစ့်လေးကို ကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena
Source: KoChat Gyi’s fb

Credit : momolay

Loading...

Facebook Comments