အိမ်ထောင်ဦးစီးကြီးအရမ်းချမ်းနေလို့ နွေးသွားအောင် သမီး၃ယောက်နဲ့အတူ ဝိုင်းပြီးဖက်ထားပေးတဲ့ နန္ဒာလှိုင်

ပရိတ်သတ်အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါတည်းက တစ်စိုက်မက်မက်လုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ နေရာယူခဲ့တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။နန္ဒာလှိုင်က အပြစ်ပြောစရာမရှိတဲ့ ကျော့ရှင်းတဲ့ အလှတရားအစစ်ကို ပိုင်ဆိုင်ထားတဲ့အပြင် သူမရဲ့ စကားမပီတဲ့ဟန်လေးကလည်း ပရိတ်သတ်ကို တစ်မျိုးလေးဆွဲဆောင်ပါတယ်နော်။နန္ဒာလှိုင်က ဗီဒီယိုဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်လို့ သူမရဲ့ ဇာတ်ကားတွေကို ပရိတ်သတ်တွေက တစ်ခဲနက် အားပေးကြည့်ရှုကြပါတယ်။

နန္ဒာလှိုင်က အိမ်ထောင်ကျသွားပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီး အိမ်ရဲ့ဝေယျာဝစ္စတွေကိုသာ မလစ်ဟင်းအောင် ဆောင်ရွက်နေတဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပါနော်။ချစ်စရာကောင်းတဲ့ သမီးလေးသုံးယောက်ကို မွေးဖွားထားပြီး နန္ဒာလှိုင်ရဲ့ မိသားစုဘဝလေးကတော့ စိုစိုပြေပြေလေးပဲဖြစ်ပါတယ်။နန္ဒာလှိုင်ကလည်း တစ်သားမွေးတစ်သွေးလှဆိုသလို သမီးလေးသုံးယောက်မွေးဖွားပြီးတာတောင် နုဖတ်ပျိုမျစ်ခြင်းတွေက အရင်တိုင်းပဲရှိလို့နေပါတယ်။

သူတို့မိသားစုလေးက အလှူအတန်းဆိုလည်း ရက်ရက်ရောရောနဲ့ လှူဒါန်းနေတဲ့ မိသားစုလေးဖြစ်လို့ ဘယ်နေရာကိုပဲသွားသွား လူချစ်လူခင်ပေါများပြီး ကူညီတဲ့လူတွေလည်း များပါတယ်။သမီး၃ယောက်ကလည်း ၀၀တုတ်တုတ်လေးတွေနဲ့ ချစ်စရာကြီးတွေမို့ သမီးလေးတွေကလည်း လူချစ်လူခင်ပေါပါတယ်နော်။အခုဆိုရင် သမီး၃ယောက်နဲ့ နန္ဒာလှိုင်က အိမ်ရဲ့အိမ်ထောင်ဦးစီးကြီး ဖေဖေက အရမ်းချမ်းနေလို့ ဝိုင်းပြီး ဖတ်ထားပေးကြတဲ့ ပုံစံလေးက ကြည်နူးစရာကောင်းလို့ ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Credit: Burmese.asia

Loading...

Facebook Comments