အမွေမပေးသဖြင့် ဖခင်ကို သားနဲ့ချွေးမက မီးရှို့

အမွေမပေးနိုင်ဘူးလို့ ပြောတဲ့ ဖခင်ကို သားနဲ့ ချွေးမတို့က မီးရှို့ ခဲ့မှု ဖေဖော်ဝါရီလ(၇)ရက်က အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ရပ်ကွက်မှာဖြစ်ပွားခဲ့ပါတယ်။ ဖခင်ရဲ့ နေအိမ်မှာ အတူနေတဲ့ သားဖြစ်သူနဲ့ ချွေးမက အမွေတောင်းရာ မပေးနိုင်ဘူးလို့ပြောတာကြောင့် ခုတင်ပေါ်မှာ စောင်နဲ့ပတ်ပြီး မီးရှိုခဲ့တာဖြစ်တယ်လို့ပြည်ထဲရေးဝန်ကြီးဌာနက သိရပါတယ်။ ဒီဖြစ်စဉ်ကြောင့် ဖခင်ဖြစ်သူဟာ ပေါင်၊ ခြေသလုံး၊ ၀မ်းဗိုက်တွေမှာ စိုးရိမ်ရတဲ့ မီးလောင်ဒဏ်ရာတွေရပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာဆေးကုသမှုခံယူနေရပါတယ်။ သားနဲ့ ချွေးမကိုလည်း အင်းစိန်မြို့မရဲစခန်းက (ပ) ၁၈၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၂၆(လူသတ်ရန် အားထုတ်မှု/ ပြင်းထန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးနေပါတယ်။

ဓာတ်ပုံ – ပြည်ထဲရေးဝန်ကြီးဌာန

Loading...

Facebook Comments