ပိတ်ဆို့ရှာဖွေစစ်ဆေးချိန်မှာ ရပ်တန့်မပေးဘဲ မောင်းနှင်ထွက်ပြေးသွားတဲ့ယာဉ်ကို လိုက်လံဖမ်းဆီးရာမှ ယာဉ်နဲ့အတူ ခိုးယူမြှုပ်နှံထားတဲ့ ဘုရားဆင်းတုတော်(၃)ဆူ သိမ်းဆည်းရမိခဲ့

နေပြည်တော်၊ ဖေဖော်ဝါရီ ၇

ထိုင်တော်မူဗုဒ္ဓ ဆင်းတုတော်( ၃ )ဆူကို MDY 7G/×××× မစ်ဆူဘီရှီယာဉ်ပေါ်မှ သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နံနက် ၃ နာရီ ၄၅ မိနစ်အချိန် မွန်ပြည် နယ်၊ ဘီးလင်းမြို့ နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးစိုးမြင့် ဦးစီးတဲ့ ပူးပေါင်းအဖွဲ့ဟာဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာရှိ ရွှေသံလွင်တိုးဂိတ်မှာ ပိတ်ဆို့စစ်ဆေးရေးဆောင်ရွက်နေချိန် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာရပ်နေ ကျော်သူရ အသက်(၄၀)နှစ် မောင်းနှင်လာတဲ့ MDY 7G/×××× မစ်ဆူဘီရှီ ယာဉ်ကို ရပ်တန့်စစ်ဆေးရာမှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့တဲ့အတွက် လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။ အဲ့ဒီလိုရှာဖွေဖမ်းဆီးခဲ့ရာ ဝင်းပြန့်ကျေးရွာအနီး တလမွန် စားသောက်ဆိုင်မှာ၊ အဲ့ဒီယာဉ်ကို ရပ်ထားတာကိုတွေ့ရှိရပြီး ဆိုင်အတွင်းမှာ ကျော်သူရနဲ့ သူရဲ့မယားညီအစ်ကိုဖြစ်သူ တစ်ရပ် တည်းနေ သန်းဝင်းထွဋ်(ခ)ဖိုးသား အသက်(၂၆)နှစ်တို့ ၂ ဦးကို ဆိုင်အတွင်းမှ ဖမ်းဆီးရမိခဲ့ကာ သူတို့နဲ့အတူ လိုက်ပါလာတဲ့သူ အောင်ကိုကို(စိစစ်ဆဲ)မှာ ထွက်ပြေးသွားခဲ့ပြီး ယာဉ်ကိုစစ်ဆေးရာ အဲ့ဒီ ယာဉ်နဲ့ ပတ်သက်ပြီး ပိုင်ဆိုင်ကြောင်း အထောက်အထား ပြသနိုင်ခြင်းမရှိတဲ့အတွက် ကျော်သူရ အပါအဝင်၊စုစုပေါင်း(၃)ဦးတို့ကို ဘီးလင်း မြို့မရဲစခန်း(ပ)၄၁၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀(ကား)/ကျင့် ၅၄ နဲ့ အမှုဖွင့် စစ်ဆေးခဲ့ပါတယ်။

အဲ့ဒီလိုစစ်ဆေးပေါ်ပေါက်ချက်အရ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကျော်သူရနဲ့ သန်းဝင်းထွဋ်(ခ) ဖိုးသား တို့ ၂ ဦးဟာ သန်းခေါင်ကျော်ချိန်မှာ အောင်ကိုကို၊ မောင်ဇော်(စိစစ်ဆဲ)တို့နဲ့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ရွှေဘို-မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ်(၅၃) “ရွှေတဖန်း” စားသောက် ဆိုင်အနီး အမည်မသိ ဘုန်းကြီးကျောင်းမှ စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ ရွှေရောင်ဆေးသုတ် ထားတဲ့ ထိုင်တော်မူဗုဒ္ဓ ဆင်းတုတော် ၃ ဆူ ကိုခိုးယူခဲ့ပြီး ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်ရှိ ရာဘာခြံဘေး အမှိုက်ပုံအနီးမှာ မြှုပ်နှံခဲ့တာကို သိရှိခဲ့ရတဲ့အတွက် သွားရောက် တူးဖော်ခဲ့ပြီး အဆိုပါအမှိုက်ပုံအနီးမှ ဉာဏ်တော်၂ ပေ ၆ လက်မ၊ အောက်ခြေ ဗျက် ၁ ပေ ၆ လက်မ ရှိ ရုပ်ပွားတော် ၂ ဆူ၊ ဉာဏ်တော် ၁ ပေ ၉ လက်မ၊ အောက်ခြေ ဗျက် ၁ ပေရှိ ရုပ်ပွားတော် ၁ ဆူ၊ ပေါင်း ၃ ဆူကို တူးဖော်သိမ်းဆည်းရမိခဲ့တဲ့အတွက် ထပ်မံအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိတယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းမှသိရပါတယ်။

Loading...

Facebook Comments