တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေစဉ် နန္ဒမာလာက ကျန်းမာရေးအကြောင်းပြ ထွက်သွား

ကျပ်သိန်းပေါင်းများစွာ လိမ်လည်မှုဖြင့် နန္ဒမာလာကို ယမန်နေ့က လှိုင်မြို့နယ်တရား ရုံးတွင် စစ်ဆေးနေစဉ် ၎င်းသည် ကျန်းမာရေး အကြောင်းပြပြီး တရားခွင်မှ ထ၍ ထွက်သွားခဲ့ သည်။

နန္ဒမာလာနှင့် ၎င်း၏ခင်ပွန်း ဟောင်း ဦးနေဝင်းနိုင်ကို ငွေကြေး လိမ်လည်မှုဖြင့် လှိုင်မြို့နယ် တရားရုံးတွင် ဖေဖော်ဝါရီ ၅ ရက်က ရုံးထုတ်စစ်ဆေးစဉ် ယင်းသို့ ဖြစ်ပွားခဲ့သည်။ တရားခွင်တွင် တရားလို ဦးနေမျိုးနိုင်ကို စတင်စစ်ဆေးပြီး နန္ဒမာလာ၏ နေအိမ်ဓာတ်ပုံအချို့ကို သက်သေအဖြစ် တင်သွင်းခဲ့သည်။

တရားခွင်မှ ထွက်ခွာစဉ် နန္ဒမာလာက ‘‘ရွာသာကြီးက ကျန်းမာရေး ဆေးကိစ္စ’’ ဟု မသဲမကွဲပြော ကြားခဲ့သည်။

‘‘လုပ်ထုံးလုပ်နည်းအရ တော့ ကျန်းမာရေးကိစ္စနဲ့ တရား ခွင်က ထွက်ရင် ရှေ့နေကတစ် ဆင့် တရားသူကြီးဆီ လျှောက်ရ မှာပေါ့’’ဟု တရားလို၏ရှေ့နေ ဦးလှစိန်က ပြောသည်။

တရားသူကြီးက ကျန်းမာ ရေးကိစ္စဖြစ်သောကြောင့် ထွက် ခွာခွင့်ပေးခဲ့ပြီး ရုံးချိန်းကို ဖေ ဖော်ဝါရီ ၁၅ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့သည်။ ယောဂီဝတ်နန္ဒ မာလာကို လှိုင်မြို့နယ်တရားရုံး က ကျပ်သိန်းငါးထောင်တန်နှစ် ဦးနှင့် မင်္ဂလာဒုံမြို့နယ်တရားရုံး က ကျပ်သိန်းငါးထောင်တန်နှစ်ဦး ဖြင့် စုစုပေါင်းအာမခံငွေကျပ် သိန်းနှစ်သောင်း အာမခံပေးထား သော်လည်း နန္ဒမာလာအနေဖြင့် အာမခံမတင်ပြနိုင်သောကြောင့် အချုပ်နှင့် တရားရင်ဆိုင်နေရ သည်။

Credit:7day News

Loading...

Facebook Comments