ငွေကျပ်သိန်းပေါင်း ၃၄၅၀၀ လိမ်လည်ရယူကာ ထွက်ပြေးတိမ်းရှောင်နေသည့်တရားခံအား ဘန်ကောက်မြို့တွင်ဖမ်းဆီးရမိ

ငွေကျပ်သိန်းပေါင်း ၃၄၅၀၀ လိမ်လည်ရယူကာ ထွက်ပြေးတိမ်းရှောင်နေသည့်တရားခံအား ဘန်ကောက်မြို့တွင်ဖမ်းဆီးရမိပြီး တာချီလိတ်သို့ပြန်လည်လွှဲပြောင်းခဲ့သည်။လားရှိုးမြို့မရဲစခန်း (ပ) ၁၀/၂၀၁၉၊ (ပ)၁၂/၂၀၁၉၊ (ပ)၁၃/၂၀၁၉ ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၁၁၄ အမှုမှ တရားခံ မျိုးဇော်ကို(ခ)တော်ကီ သည် ငွေကျပ် သိန်း (၃၄၅၀၀)ကျော်အား လိမ်လည်ရယူကာ ထွက်ပြေးတိမ်းရှောင်နေရာတွင် တာချီလိတ်မြို့မှတစ်ဆင့်

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ရောက်ရှိနေသည့် အတွက် ကူညီစုံစမ်းရှာဖွေပေးရန် လားရှိုးမြို့မရဲစခန်းနှင့် နယ်ထိန်းခေါင်းဆောင်တို့မှ အကူညီ တောင်းခံချက်အရ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် BCATIP အဖွဲ့ဝင် မယ်ဆိုင်မြို့ လူဝင်မှုကြီးကြပ်ရေးဌာန ခရိုင်မှူးနှင့် ချိတ်ဆက်စုံစမ်းခဲ့ရာ ဇန်န၀ါရီလ ၁၈ ရက်နေ့က တရားခံသည် မယ်ဆိုင်မြို့တွင် ညအိပ်ခဲ့ပြီး ဘန်ကောက်မြို့ သို့ ဆက်လက်ထွက်ခွာသွားကြောင်း သတင်းအတည်ပြုရရှိခဲ့သည်။

ရရှိသတင်းအားအခြေပြုကာ မယ်ဆိုင်မြို့ ခရိုင်လ၀ကမှူး၏ ပံ့ပိုးကူညီမှုဖြင့် ဘန်ကောက်မြို့ RTP ရဲတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ပြီး ဆက်လက်စုံစမ်းရှာဖွေခဲ့ရာ ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် တရားခံ မျိုးဇော်ထက် (ခ) တော်ကီ နေထိုင်သည့် လိပ်စာကို အတည်ပြုနိုင်ခဲ့ပြီး ယင်းနေ့ ဒေသစံတော်ချိန် ည ၇း၄၈ အချိန်တွင် တရားခံအား ဘန်ကောက်မြို့တွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါငွေကြေးလိမ်လည်မှုတရားခံအား ဖေဖေါ်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ခန်းမသို့ ထိုင်းနိုင်ငံတာဝန်ရှိသူများမှ လာရောက်လွှဲပြောင်းပေးအပ်ရာ ယင်းလွှဲပြောင်းပေးအပ်ပွဲသို့ မြန်မာ-ထိုင်း နှစ်နိုင်ငံ BCATIP အဖွဲ့ တာဝန်ရှိသူများတက်ရောက်ကြပြီး ထိုင်းနိုင်ငံ BCATIP အဖွဲ့ဝင် ချင်းရိုင်း ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန ခရိုင်မှူး Pol.Col Aekkorn Butsababodin Superinterdent မှ တရားခံအား လွှဲပြောင်းပေးအပ်ရာ တာချီလိတ်ခရိင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပေါ်ထွန်း ဦးဆောင်သည့် မြန်မာ BCATIP အဖွဲ့မှ လက်ခံခဲ့ကြောင်းသိရသည်။

ဓါတ်ပုံ .. လူကုန်တားရဲတပ်ဖွဲ့

Credit: မောင်ယဉ်ကျေး

Loading...

Facebook Comments