ပြန်မလာတော့တဲ့ ဆာလာကို မေတ္တာစစ်နဲ့ နေ့တိုင်း စောင့်မျှော်နေသူ

ယမန်နေ့က နန့်တက်စ်ကနေ ကာဒစ်ကို ပျံသန်းထွက်ခွာလာစဉ် ပျောက်ဆုံးသွားခဲ့တဲ့ အီမီလီယာနိုဆာလာနဲ့ လေယာဉ်မှူးတို့ စီးနင်းလာတဲ့ ပိုက်ပါမာလီဘူးလေယာဉ်ရဲ့ ကိုယ်ထည်ကို ရေအောက်ရှာဖွေရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ကာဒစ်အသင်းရဲ့တိုက်စစ်မှူးအသစ်ဖြစ်တဲ့ ဆာလာရဲ့ ရုပ်အလောင်းကိုလည်း လေယာဉ်ရဲ့ကိုယ်ထည်အတွင်းမှာ မြင်တွေ့ခဲ့ရပြီးနောက် ရဲတပ်ဖွဲ့က မိသားစုကို အသိပေးအကြောင်းကြားခဲ့ပါတယ်။
သေဆုံးသွားပြီဖြစ်တဲ့ ဆာလာရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့ရပြီးနောက် ဆာလာရဲ့မိသားစုဟာ ဝမ်းနည်းပူဆွေးခဲ့ရပြီး ဘောလုံးပွဲစဉ်အချို့မှာလည်း ဆာလာအတွက် ငြိမ်သက်ပေးခဲ့ကြပါတယ်။ အားလုံးရဲ့အသိစိတ်ထဲမှာ ဆာလာ ပြန်မလာနိုင်တော့ဘူးဆိုတာ လက်ခံလိုက်ကြပြီဖြစ်ပေမယ့် လက်မခံနိုင်သူတစ်ဦးကတော့ ရှိနေသေးပါတယ်။

ဆာလာရဲ့ညီမဖြစ်တဲ့ ရိုမီနာဆာလာဟာ ၎င်းရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ နာလာလို့ အမည်ရတဲ့ ဆာလာရဲ့အချစ်တော်ခွေးလေး တံခါးပေါက်အပြင်ကို မျှော်ငေးနေတဲ့ပုံနဲ့အတူ ‘နာလာကလည်း အစ်ကို့ကို စောင့်မျှော်နေတာပါပဲ’ဆိုတဲ့ စာသားကို ရေးသားပြီး တင်ခဲ့ပါတယ်။
ဆာလာဟာ ၂၀၁၅ ခုနှစ်ကတည်းက နာလာကို မွေးမြူခဲ့တာဖြစ်ပြီး ဆာလာနဲ့ နာလာတို့ကြားက သံယောဇဉ်အတိုင်းအတာကို ယင်းဓာတ်ပုံတစ်ပုံတည်းက အများကြီး ပြောပြသွားခဲ့တာဖြစ်ပါတယ်။

ကာဒစ်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ ထွက်ခွာခါနီးမှာ ဆာလာ ကိုယ်တိုင် နာလာကို လှောင်အိမ်ထဲ ထည့်ခဲ့တာဖြစ်တာကြောင့် နှုတ်မဆက်ဘဲ ထွက်ခွာသွားတဲ့ သခင်ဖြစ်သူ ပြင်သစ်ကို ပြန်လာလိမ့်မယ်လို့ နာလာက ယုံကြည်နေတာလည်းဖြစ်နိုင်ပါတယ်။

Credit :PyitTineHtaungNews

Loading...

Facebook Comments