မြင်​သူတကာ ​ငေးရ​လောက်​တဲ့ ဖက်​ရှင်​နဲ့ အ​တောက်​ပဆုံးပွဲတက်​ခဲ့တဲ့ အိန္ဒြာ​ကျော်​ဇင်

နှစ်ပေါင်းများစွာတိုင်အောင် မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်ဦးနေရာကနေ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ မဟာဆန်တဲ့ ကျက်သရေရှိတဲ့ အလှကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ တစ်​​နေ့တစ်​ခြား ပိုပိုပြီးလှလာတဲ့ အူဝဲကေ​တာ့မ​နေ့ညက Hotel Lotte မှာ ကျင်းပပြုလုပ်​ခဲ့တဲ့ ”MMTM” မြတ်မေတ္တာမွန် ဆီဆိုင် ကံထူးရှင်ရွေးချယ်ပွဲကို အလှဆုံးဖက်​ရှင်​နဲ့ တက်​​ရောက်​ခဲ့တဲ့ သူမရဲ့ပုံရိပ်​​လေး​တွေကို လူမှုကွန်​ယက်​​ပေါ်မှာ တင်​ထားတာ ​တွေ့ရပါတယ်​။ မြင်​သူတကာ ​ငေး​မောရ​လောက်​​အောင်​ လှရက်​လွန်းတဲ့ အိန္ဒြာ​ကျော်​ဇင်​ရဲ့ ပွဲတက်​ဖက်​ရှင်​က​တော့ အရမ်းကိုမိုက်​​နေတာပါ​နော်​။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ကြည်​ပြာ​ရောင်​ဝတ်​စုံ​လေးနဲ့ လှချင်​တိုင်းလှ​နေတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ရဲ့ပွဲတက်​ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အိန္ဒြာကျော်ဇင်ကတော့ “မနေ့က Hotel Lotte မှာ”MMTM” မြတ်မေတ္တာမွန် ဆီဆိုင် ကံထူးရှင်ရွေးချယ်ပွဲ သွားခဲ့တဲ့ ပုံလေးတွေပါ… ” ဆိုပြီး သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာပဲ ဖြစ်ပါတယ်။

ဘယ်အချိန်ကြည့်ကြည့် အမြဲကျက်သရေရှိတဲ့ အလှတရားကိုပိုင်ဆိုင်ထားတဲ့ အိန္ဒြာကျော်ဇင်

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာဖြစ်ပြီး မိသားစုကိုလည်း အချိန်ပေးရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပါ။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ဦးကတော့ အမြဲလိုလို ပရိသတ်ကိုရှေ့တန်းတင်ပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေတာကြောင့် တစ်နေ့တစ်ခြား အောင်မြင်မှုတွေ တိုးတိုးလာတာဆိုရင်လည်း မမှားပါဘူး။ ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ သူတို့ဇနီးမောင်နှံကတော့ အမြဲလိုလို ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အလှဆုံးဖက်​ရှင်​နဲ့ ပွဲတက်​ခဲ့တဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Eaindra Kyaw Zin’s Facebook
Photo;Nay Min Tun

Credit : momolay

Loading...

Facebook Comments