ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မယ့် အလှမယ် ထက်ထက်ထွန်း

ရန်ကုန်စည်ပင်ရွေး ကောက်ပွဲတွင် မြို့တော်စည်ပင် သာယာရေးကော်မတီဝင်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခြင်းသည်

ဖခင်ဖြစ်သူ၏ ဆန္ဒအပြင်ပြည်သူ့ အကျိုးဆောင်ရွက်လိုသည့် ရည် ရွယ်ချက်ကြောင့်ဖြစ်ကြောင်းအ လှမယ်ထက်ထက်ထွန်းက ပြော ကြားသည်။

‘‘အဖေ့ရဲ့ဆန္ဒကြောင့်တစ် ချက်ရယ်၊ ညီမကိုယ်တိုင်က နိုင်ငံ တော်ကိုယ်စားပြု Miss တစ် ယောက်အနေနဲ့တာဝန်ကျေပြီး ပြီ။

သွားရောက်ယှဉ်ပြိုင်ပြီးပြီ။ ပြီးတော့ Miss တစ်ယောက်အနေ နဲ့ဘာတွေတာဝန်ယူရမလဲစဉ်း စားတဲ့အချိန်မှာ ညီမရဲ့ရည်ရွယ် ချက်ထဲမှာ ပြည်သူ့အကျိုးဆောင် ရွက်ချင်တယ်။

နိုင်ငံရဲ့တာဝန် တွေကို တစ်ဖက်တစ်လမ်းကနေ လုပ်ပေးချင်တယ်။ နိုင်ငံ့ဂုဏ် ဆောင် Miss တစ်ယောက်ဖြစ် သလိုပဲနိုင်ငံ့ဂုဏ်ဆောင်ပြီး

တ ခြားအကျိုးပြုလုပ်ငန်းတွေလုပ် ချင်တယ်ဆိုတော့ အဖေက ဒီဟာ လေးဝင်ပြိုင်ပါလားဆိုပြီး အား ပေးတယ်။ အဲဒါကြောင့် ၀င်ပြိုင် ဖြစ်တာပါ’’ ဟု ၎င်းကပြောသည်။

၎င်း၏ ဖခင်ဒေါက်တာ တင်ထွန်းသည် ၂၀၁၄ စည်ပင် ရွေးကောက်ပွဲတွင် အနောက် ပိုင်းခရိုင်စည်ပင်သာယာဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံခဲ့ရပြီး ပရဟိ တဆေးခန်းများထိုင်ကာအများ အကျိုးပြုနေသည့် ပရဟိတ သမားဖြစ်သည်။

‘‘အဖေကတော့ ဒုတိယမြို့ တော်ဝန်နေရာထိမှန်းတယ်။ မှန်း ပြီးတော့ဒီနေရာကိုဝင်ပြိုင်ခိုင်း တာပါ။ မိသားစုထဲမှာဆိုရင် ညီမ က သွက်သွက်လက်လက်ရှိ တယ်။

သမီးတွေထဲမှာဆိုရင် ညီမကို အားအကိုးဆုံးပဲ။ ပြီး တော့အိမ်က ပံ့ပိုးမှုတွေမပါဘဲ စီးပွားရေးလုပ်ငန်းတစ်ခုလည်းထူ ထောင်ထားတယ်။

အဖေကကိုယ့် ကိုယုံကြည်မှုအရမ်းရှိပြီးအားပေး တယ်။ ဖြစ်စေချင်တဲ့ဆန္ဒတွေရှိ တယ်။ ဖြစ်နိုင်ရင် သမ္မတထိ တောင်ဖြစ်စေချင်သေးတာ။

အခု က ဒီထိပဲရသေးလို့ ဒီထိပဲလုပ် ခိုင်းတာပေါ့’’ ဟု ၎င်းကပြော သည်။ ယခုပြိုင်ပွဲက စတင်ကာ နောက်ပိုင်းတွင် အလျဉ်းသင့်သ လိုအကောင်းဆုံးနေရာထိ ဆက် လက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘နိုင်ငံရေးကို နားမလည်ဘူး ဆိုပေမယ့် အခုပြိုင်တဲ့စည်ပင်ရဲ့ ကော်မတီဝင်တစ်ယောက်ဖြစ်ဖို့ အတွက် ညီမစိတ်ထဲမှာ ညီမရဲ့ နိုင်ငံကြီးကို ဒီထက်မကစည်ပင် သာယာဝပြောစေချင်တယ်၊

တ ခြားနိုင်ငံတွေနဲ့ ရင်ပေါင်တန်းပြီး တိုးတက်တဲ့နိုင်ငံ၊ သန့်ရှင်းတဲ့ နိုင်ငံဖြစ်စေချင်တယ်၊ အများအ ကျိုးသယ်ပိုးချင်တယ်။

အဓိကက ဒီရည်ရွယ်ချက်တွေရှိရင် အချိန် တန်ရင် အလုပ်ကသင်ပေးသွား လိမ့်မယ်လို့ထင်ပါတယ်’’ဟု ၎င်း ကပြောသည်။

ထိုသို့ ၀င်ရောက်ယှဉ်ပြိုင် သည့်အပေါ် ပရိသတ်များ၏တုံ့ ပြန်မှု၊ ဝေဖန်မှုများကို ရင်ဆိုင်ရန် အဆင်သင့်ပြင်ဆင်ထား သည်ဟု ဆိုသည်။

‘‘တစ်ဖက်ကစိတ်ပူရတာက တစ်ခုလိုချင်ရင် တစ်ခုစွန့်လွှတ်ရ မယ်ဆိုတာကို စိတ်ထဲထည့်ထား တယ်။ တချို့ကလည်း အနုပညာ လုပ်နေရင်းနဲ့ ဒီဟာကိုလုပ်နိုင်ပါ့ မလား၊ မဖြစ်နိုင်ပါဘူးကွာဆိုပြီး

ဝေဖန်တဲ့တူတွေလည်းရှိပါတယ်။ ကိုယ့်ကိုချစ်ပြီးသားပရိသတ်တွေ ရှိတဲ့အတွက် ရှေ့ဆက်ပြီး သူတို့ ရဲ့အားပေးမှု၊ ထောက်ခံမှုတွေနဲ့ ဆက်လက်ကြိုးစားသွားမှာပါ။

လောကကြီးမှာနေရတဲ့ သက် တမ်းတိုတိုလေးမှာ အသုံးဝင်တဲ့ သူ၊ အသုံးတည့်တဲ့သူ ဖြစ်ချင် တယ်’’ ဟု ၎င်းကပြောသည်။

လက်ရှိတွင် လျှောက်လွှာ တင်ထားဆဲဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက်ကစတင်ကာ လျှောက်လွှာ များကို စစ်ဆေးမည်ဖြစ်သည်။

အလှမယ် ထက်ထက်ထွန်း သည် Miss Universe Myanmar 2016 ကိုယ်စားပြုအလှမယ်တစ် ဦးဖြစ်ပြီး Miss Universe National Costume ဆုရှင် Winner တစ်ဦးလည်းဖြစ်သည်။

Credit:tameelay

Loading...

Facebook Comments